Main menu

Background

တရုတ်နိုင်ငံက နိုင်ငံခြားကုန်သွယ်မှု မူဝါဒများကို တည်ငြိမ်အောင်ထိန်း

Mon, 02/27/2012 - 09:35 -- Anonymous (not verified)

    ပြင်းထန်တဲ့ နိုင်ငံခြားကုန်သွယ်မှု အခြေအနေနဲ့ တရုတ်နိုင်ငံ ရင်ဆိုင် ခဲ့ရတဲ့အတွက် ယခုနှစ်မှာ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒများကို တည်ငြိမ် အောင်ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဒုတိယဝန်ကြီး Zhong Shanm  ဖေဖော်ဝါရီ ၂၀ ရက်က ပြောပါတယ်။    ကမ္ဘာ့စီးပွားရေးမှာ  လွှမ်းမိုးနေ တဲ့မရေရာမှုတွေ၊ လုံးပါးပါးနေတဲ့ ဝယ် လိုအားနဲ့ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေ ကြောင့် တရုတ်နိုင်ငံဟာ  ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ Zhong   က ပြောပါတယ်။    "တရုတ်နိုင်ငံက နိုင်ငံခြားရေး မူဝါဒ တွေကို တည်ငြိမ်အောင် ထိန်းပြီး သက်ဆိုင်ရာမူဝါဒသစ်တွေလို ထူ ထောင်သွားမှာပါ" ဟု တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းကျန်ရှီးပြည်နယ်ရှိ နန်ချောင်မြို့မှာ ကျင်းပတဲ့နိုင်ငံခြားကုန် သွယ်မှုလုပ်ငန်းကွန်ဖရင့်မှာ Zhong က ပြောပါတယ်။    တရုတ်နိုင်ငံက နိုင်ငံခြား  ကုန် သွယ်မှုအတွက်  ပြည်တွင်းနဲ့  ပြည်ပ ပတ်ဝန်းကျင်အခြေအနေတွေကိုလည်း အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်မယ်၊ နိုင်ငံခြားကုန်သွယ်မှုအရှိန်မြှင့်တင်ပြီး ကုန်သွယ်မှုနဲ့အရည်အသွေးနဲ့ထိရောက် မှုကိုတိုးတက်ကောင်းမွန်အောင်ဆောင် ရွက်မယ်လို့ Zhong   ကပြောပါတယ်။    တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုပိုငွေက ၂၀၁၁ ခုနှစ်မှာ နှစ်အလိုက်တိုးတက်မှု နှုန်း၁၄ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ဒေါ်လာ ၁၅၅ ဒသမ ၁၄ ဘီလီယံထိရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ ၂၉၅ ဒသမ ၄၇ ဘီလီယံ၊ ၂၀၀၉ ခုနှစ် မှာ ဒေါ်လာ ၁၉၆ ဒသမ ၀၇ ဘီလီယံနဲ့ ၂၀၁၀ ပြည့် နှစ်မှာ ၁၈၃ ဒသမ ၁ ဘီလီယံရှိခဲ့တယ် လို့ အထွေထွေ အကောက်ခွန်စီမံရေး ဌာနက စာရင်းများအရ တွေ့ရပါတယ်။Source. xinhua