Main menu

Background

အိန္ဒိယဝန်ထမ်းတို့ ၂၀၁၂ ခုနှစ်တွင် လစာ ၁၂ ရာခိုင်နှုန်းခန့် တိုးမည်

Mon, 02/27/2012 - 09:36 -- Anonymous (not verified)

    ယခုဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှာ အိန္ဒိယဝန်ထမ်းများအတွက် လစာများ ၁၁ ဒသမ ၉ ရာခိုင်နှုန်း ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ထားတဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဆေးဝါးနဲ့ အင်ဂျင်နီယာလုပ်ငန်းများက လစာအမြင့်ဆုံးရကြမယ်လို့ ခန့်မှန်း ထားကြပါ တယ်။ အာရှပစိဖိတ်ဒေသက လစာတိုးပေးတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယက အမြင့်ဆုံးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ တရုတ်နဲ့ဖိလစ်ပိုင်တို့က နောက်ကလိုက်နေ ပြီး တိုးတက်နှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၆ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ကြောင်း Aon  Corporeation  စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလက တိုးမြှင့်ပေးခဲ့တဲ့နှုန်းဖြစ်တဲ့ ၁၂ ဒသမ ၆ ရာခိုင်နှုန်းအောက်ကို ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။    ဒီကိန်းဂဏန်းတွေက မရေရာလှတဲ့ကမ္ဘာ့စီးပွားရေး ပတ်ဝန်းကျင် အခြေ အနေနဲ့ ညှိနှိုင်းကြည့်မယ်ဆိုရင် အပြုသဘော အလားအလာရှိနေတယ်လို့ ဆိုပါတယ်။ အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့်ရှိ စီမံခန့်ခွဲရေးဌာန တွေက ၂၀၁၂ ခုနှစ်မှာ ၁၂ ဒသမ ၃ ရာခိုင်နှုန်းအသီးသီးရမယ်လို့ ပြောပါတယ်။    ရှေ့တန်းမှာရှိနေတဲ့ ဆေးဝါးလုပ်ငန်းကတော့ ဝန်ထမ်းတွေကို ၁၃ ဒသမ ၃ ရာခိုင်နှုန်းထိ  ပေးမယ်လို့ ပြောပါတယ်။ အင်ဂျင်နီယာလုပ်ငန်းတွေက လစာတိုးပေးရာမှာ ဒုတိယအဆင့်မှာရှိနေပြီး ၁၃ ရာခိုင်နှုန်းတိုးမယ်လို့ ပြော ပါတယ်။ ဒီကဏ္ဍထုတ်လုပ်မှုက ၂၀၁၅ ခုနှစ်မှာ သုံးစွဲငွေကဒေါ်လာ ၁၅ သို့မဟုတ် ၁၆ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပါတယ်။Source. southasianew.com