Main menu

Background

ရုရှားဈေးကွက်ကို ချဲ့ထွင်ဖို့ တောင်ကိုရီးယား ကုမ္ပဏီတွေကို တိုက်တွန်း

Mon, 02/27/2012 - 09:37 -- Anonymous (not verified)

    တောင်ကိုရီးယား ကုမ္ပဏီတွေက ရုရှားနိုင်ငံကိုဈေးကွက်ချဲ့ထွင်ဖို့အတွက် မဟာဗျူဟာကို ချမှတ် ဆောင်ရွက်သင့် ကြောင်း ပြည်တွင်းဉာဏ်ကြီးရှင်များ အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်က ပြော ပါတယ်။လာမဲ့အနာဂတ်ကာလအတွင်း မှာ ရုရှားနိုင်ငံဟာ ရှေ့တန်းရောက် စီးပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်တယ်လို့ ပြည်တွင်းစီးပွားရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကိုရီးယား ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ် ငန်းရှင်များအသင်း က ကြီးမှူး ကျင်းပ တဲ့ အစည်းအဝေးတစ်ခုမှာ ယခုလို ခန့် မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။    ဒီလိုသာ ဆောင်ရွက်မယ်ဆိုရင် လျင်မြန်စွာကြီးထွားနေတဲ့ ထွန်းသစ်စ ဈေးကွက်ထဲကို ဝင်ဖို့ တောင်ကိုရီး ယားစီးပွားရေးလုပ်ငန်းတွေ အတွက် အခွင်အလမ်းတွေကိုဖွင့်ပေးနိုင်လိမ့်မယ် လို့ ပြောပါတယ်။    ရုရှားနိုင်ငံမှာ ဈေးကွက်ဝေစု ပိုပြီး ရချင်တယ်ဆိုရင်ကုမ္ပဏီတွေက အရှည် ကိုကြည့်ပြီး စဉ်းစားဆောင်ရွက် ဖို့လိုမှာ ဖြစ်ကြောင်း၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ လက်လီလုပ်ငန်း၊   ဘဏ္ဍာရေး ဝန် ဆောင်မှုနဲ့ ရေကြောင်း  သယ်ယူပို့ ဆောင်ရေးလုပ်ငန်း  နယ်ပယ်တွေမှာ မဟာဗျူဟာ   ချမှတ်ဆောင်ရွက်ဖို့ လိုကြောင်း ကိုရီးယားအပြည်ပြည်ဆိုင် ရာမူဝါဒသိပ္ပံမှာ ရုရှားအဖွဲ့ခေါင်းဆောင် လီဂျေးယန်းက ပြောပါတယ်။    ကိုရီးယားနိုင်ငံ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ကို ဝင်ခွင့်ရတာနဲ့ တစ်ပြိုင်နက် တောင်ကိုရီးယားကုမ္ပဏီတွေ အတွက် အခွင့်အလမ်းပေါ်နိုင်တဲ့ လက်လီ လုပ် ငန်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍ ၂၆ ခုကိုဖွင့်လှစ်ပေးရမှာဖြစ်ကြောင်း တခြား ကျွမ်းကျင်သူတွေက ပြောပါတယ်။    ၂၀၁၁ ခုနှစ်မှာ တောင်ကိုရီးယား နဲ့ ရုရှား နှစ်နိုင်ငံ အပြန်အလှန် ကုန် သွယ်မှုက ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီ ယံဖိုး ရှိခဲ့ပါတယ်။ တောင်ကိုရီးယား ကုမ္ပဏီတွေက ရုရှားနိုင်ငံမှာ ၂၀၁၁ ခုနှစ် အတွင်း ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၉၇ ဒသမ ၉ သန်းရှိခဲ့ပါတယ်။Source. yonhapnews.co,kr