Main menu

Background

ဗီယက်နမ် အဲလိုင်းကုမ္ပဏီက ဂျက်စတား ပစိဖိတ်နဲ့ ပူးပေါင်း

Mon, 02/27/2012 - 09:38 -- Anonymous (not verified)

    ဗီယက်နမ်အဲလိုင်းကုမ္ပဏီက သြစတြေးလျနိုင်ငံ ကွမ် တပ်ဂရုနှင့် ပူးပေါင်းပြီး ဂျက်စတားပစိဖိတ်(JPA)   ကို ဗီယက်နမ်မှာ ပထမဆုံးစရိတ်နည်း လေကြောင်းလိုင်းအဖြစ် ထူထောင်မှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ သဘောတူညီချက်အရသိရပါတယ်။ ဖက်စပ်ကုမ္ပဏီ ရှယ်ယာ ရဲ့ ၇၀ ရာခိုင်နှုန်းကို ဗီယက်နမ်အဲလိုင်း ကထည့်ဝင်မှာဖြစ်ပြီး ၂၇ ရာခိုင်နှုန်းကို သြစတြေးလျကွမ်တပ်ဂရုက ထည့်ဝင်ပါ မယ်။ စီမံကိန်းအရ ကျန်ရှယ်ယာတွေကို ဗီယက်နမ်အဲလိုင်းက ကွမ်တပ်အဲဝေးကိုရောင်းချမှာ ဖြစ်ပါတယ်။    စာချုပ်ချုပ်တဲ့နေ့မှာပဲ (JPA) က ရှယ်ယာရှင်များရဲ့ အစည်းအဝေး ကျင်းပပြီး စရိတ်စကနည်းလေကြောင်းလိုင်း ထူထောင်ရေးအတွက် လိုအပ်တဲ့မဟာဗျူဟာတွေ ချမှတ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ (JPA) အလားအလာ ကောင်းတွေ မြင့်မားတဲ့ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်းတွေကို ဖော်ထုတ်မှာဖြစ်ပါတယ်။ ယခုနှစ်လယ် လောက် မှာ ဘိုရင်း ၇၃၇ တွေနေရာမှာ  A 320     လေယာဉ်တွေ အစားထိုးနိုင်ဖို့အတွက် AUD   ၂၅ သန်း (ဒေါ်လာ ၂၆ သန်း) ကိုအသုံးပြုမှာဖြစ်ပါတယ်။ လေယာဉ်စီးရေကိုလည်း ၁၅ စင်း ထပ်ဖြည့်ပါမယ်။    လောလောဆယ်မှာ ဗီယက်နမ်အဲလိုင်းက ပြည်တွင်း လေဆိပ် ၂၀ နဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် ၂၇  ခုရှိ ခရီးစဉ် ၈၄ ခုကိုပြေးဆွဲနေပါတယ်။       Source. VNS