ဆန်တင်ပို့မှုမှာ ထိုင်းနိုင်ငံရဲ့ ကြီးမားတဲ့ ပြိုင်ဘက်အဖြစ် ဗီယက်နမ်ရပ်တည်နေကြောင်း ထိုင်းဆန်တင်ပို့သူများ ဥက္ကဋ္ဌမှ ပြောကြား
ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်အတွင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ အဓိကပြိုင်ဖက်များဖြစ်ပြီး၊ အိန္ဒိယက မကြာသေးခင် လများအတွင်း ထိုင်းနိုင်ငံကို ကျော်လွန်ကာ ထိပ်တန်းတင်ပို့သူဖြစ်လာတဲ့တိုင် ဗီယက်နမ်နိုင်ငံက ထိုင်းရဲ့ကြီးမားတဲ့ ပြိုင်ဖက် အဖြစ်ရှိနေကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဌမှ ပြောကြားပါတယ်။ ဗီယက်နမ် နိုင်ငံရဲ့ ဆုံးဖြတ်ချက်က အခြား ပြိုင်ဖက်နိုင်ငံတွေထက် ကျော်လွန်ပြီး၊ ဆန်ထိပ်တန်းတင်ပို့သူ ဖြစ်လာဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆန်စပါးအပေါင်ခံ အစီအစဉ်က ၅ နှစ်အတွင်း ဗီယက်နမ်နိုင်ငံကို ၎င်းရဲ့ ဆန်တင်ပို့မှု ဦးဆောင်နေရာကို ဆုံးရှုံးဖို့ ဖြစ်လာနိုင်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။ ဗီယက်နမ်၊ အိန္ဒိယနဲ့ မြန်မာတို့ဟာ ဆန်ဈေးကွက် မှာ အဓိကယှဉ်ပြိုင်ဖက်တွေဖြစ်ပေမယ့် ဗီယက်နမ်ကတော့ ကမ္ဘာ့ဦးဆောင် ဆန်တင်ပို့သူ ဖြစ်ဖို့ ဆုံးဖြတ်ထားတာဖြစ်လို့ ကြီးမားတဲ့ ယှဉ်ပြိုင်ဖက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ လမင်း၊Source: oryza.com
