ထိုင်းနိုင်ငံအများပြည်သူ သိုလှောင်ရုံအဖွဲ့အစည်းမှအင်ဒိုနီးရှားကို ဆန်ရောင်းချနိုင်မယ်လို့ ယုံကြည်

    ဗီယက်နမ်နဲ့ အိန္ဒိယတို့မှ အင်ဒိုနီးရှားဆန်အဝယ်အော်ဒါ များ မရှိနိုင်တာကြောင့် ထိုင်းအများပြည်သူ သိုလှောင်ရုံ အဖွဲ့ အစည်း (PWO)အနေနဲ့အင်ဒိုနီးရှားကို ဆန်ရောင်းချနိုင်လိမ့် မယ်လို့ ယုံကြည်လျက်ရှိကြောင်း PWO ဒါရိုက်တာ Pol  Maj  Sarawut  Sakulmeerit မှ ပြောကြားပါတယ်။ အင်ဒိုနီး ရှားနိုင်ငံအနေနဲ့ ပြည်တွင်း စားသုံးဖို့နဲ့ ဖြန့်ဖြူးဖို့ ပမာဏ များစွာထားရှိဖို့ အားသန်နေဆဲဖြစ်လို့ ထိုင်းဆန်ဈေး ပိုမိုမြင့် တက်တဲ့တိုင် ထိုင်းနိုင်ငံရဲ့ ထောက်ပံ့ပို့ဆောင်မှုကို အင်ဒိုနီးရှား အစိုးရက ယုံကြည်ဖွယ်ရှိနေပါတယ်။    အင်ဒိုနီးရှားနဲ့ စာချုပ်အသစ်များကို ထိုင်းဆန်တင်ပို့သူ များ ကြိုဆိုလျက်ရှိပါတယ်။ ယခုနှစ် ထိုင်းဆန်တင်ပို့မှု ဟာ ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်း ကျဆင်းနေတဲ့ အတွက် တင်ပို့ရမယ့် ပမာဏမတိကျသေးပေမယ့် ထိုင်းဆန် ကုန်သွယ်မှုအတွက် သတင်းကောင်းဘဲဖြစ်တယ်လို့ ယခင်သီ တင်းပတ်က အင်ဒိုနီးရှားကို ရောက်ရှိခဲ့တဲ့ Pol  Maj  Sarawut  က ပြောကြားပါတယ်။    နိုင်ငံတစ်ဝန်း ဆိုင်ခွဲများရှိတဲ့ အင်ဒိုနီးရှား လက်လီရောင်း ချသူများဟာ အဆင့်မြင့် ဆန်စားသုံးသူတွေကို ဖြန့်ဖြူးဖို့ ထိုင်း နိုင်ငံက ထုပ်ပိုးထားတဲ့ ဟုမ္မလီဆန်အမြောက်အမြား ဝယ်ယူ မှုကို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။ ထိုင်းဟုမ္မလီဆန် ဟာ အင်ဒိုနီးရှားစားသုံးသူတွေအကြား ထင်ရှားပေမယ့် အစိုးရ က ပြည်တွင်း လယ်သမားများကို အကာအကွယ်ဖြစ်ဖို့ တင်သွင်းမှု တားဆီးခဲ့ပါတယ်။ ဝယ်လိုအား ဆုံးဖြတ်ပြီးတဲ့ နောက် ထိုင်းဆန်မွှေးထုတ်တင်သွင်းမှု ခွင့်ပြုရေး အင်ဒိုနီးရှား အစိုးရနဲ့ ဆွေးနွေးဖို့ စီးပွားကူးသန်းဝန်ကြီးကို PWO မှ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။    ယခင်နှစ်က အင်ဒိုနီးရှားဟာ နိုက်ဂျီးရီးယားပြီးရင် ထိုင်းဆန်ကို ဒုတိယအများဆုံး တင်သွင်းသူဖြစ်ပြီး၊ ဆန်တန် ချိန် ၉၁၄၉၁၈ တင်သွင်းခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံက ဆန်တန်ချိန် ၄၃၉၅၈၆ တင်ပို့ခြင်းမှ ဘတ် ၉ ဒသမ ၅၅ ဘီလီယံရရှိခဲ့လို့ ယခင်နှစ်ထက် ပမာဏအားဖြင့် ၅၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ဖိုးအားဖြင့် ၄၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ထိုင်းဆန်တင်ပို့သူများ အသင်းမှ ပြောကြားပါတယ်။ ပျမ်းမျှဆန်တင်ပို့ဈေးမှာ ယခင်နှစ်ထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုပြီး၊ တစ်တန်ကန် ဒေါ်လာ ၆၆၃ ရှိတယ်လို့ သိရပါတယ်။လဝန်းSource: riceonline