Main menu

Background

ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှု တန် ၉၀၀၀ ခန့်ရှိ

Sun, 03/04/2012 - 09:32 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၇၂၀၀ ကျော်ကိုလျော့နည်းခဲ့ရာမှ ယခုတစ်ပတ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက် အတွင်း တန်ချိန် ၉၀၀၀ ခန့်ကို တိုးတက်တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၄၇၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၄၂ သန်းကျော်ရရှိကြောင်း သက်ဆိုင်ရာ ဌာန စာရင်းများအရ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှု အနေနဲ့ တန်ချိန် ၄၃၀၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၂၅ သန်း ကျော်ရှိလို့ ယခုနှစ်မှာ ပမာဏအားဖြင့် တန်ချိန် တစ်သိန်း တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၇ သန်းကျော်သာ ပိုမိုရရှိကြောင်း သိရပါတယ်။ လတ်တလောမှာ မတ်ပဲကို ပြည်ပ ဝယ်လက်များက အဝယ် မသွက် ပေမဲ့ ပုံမှန်ဝယ်ယူမှုရှိနေလို့ လာမယ့်သီတင်းပတ်မှာလည်း လက်ရှိနှုန်းအတိုင်း ပုံမှန် တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။               MIRT - MAPT