အိန္ဒိယ မတ်ပဲဈေးကွက်မှာ ယခုတစ်ပတ်လည်း ဈေးဆက်လက်လျော့ကျတာ တွေ့ရပါတယ်။ဈေးကွက်တွေမှာမတ်ပဲလက်ကျန်တွေရှိနေသေးတဲ့အပြင် ဝင်ရောက် မှုများပြီး အရောင်းအဝယ်ထိုင်းတာကြောင့် အစောပိုင်းရက်တွေမှာ ဈေး ကျဆင်း ခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်အတွင်း ဝယ်လိုအားနည်းပြီး မတ်ပဲဈေးငြိမ်ပေမဲ့ လာ မယ့်ရက်တွေမှာတော့ ဈေးဆက်လက်လျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တင်သွင်းမတ်ပဲကို ဈေးလျှော့ကမ်းလှမ်းခြင်းနဲ့ လာမယ့်လမှာ မြန်မာနိုင်ငံက မတ်ပဲ သစ် ဝင်ရောက်တော့မှာဖြစ်လို့ ဈေးကျဆင်းမယ်လို့ ကုန်သည်များက ခန့်မှန်းကြခြင်း ဖြစ်ပါတယ်။ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၂၉-၂-၂၀၁၂ ၂၈-၂-၂၀၁၂ ၂၇-၂-၂၀၁၂ ၂၅-၂-၂၀၁၂မွန်ဘိုင်း ၆၃၅ - ၆၃၁ ၆၃၇ဒေလီ ၅၂၂-၅၈၃ ၅၁၉-၅၈၀ ၅၁၉-၅၈၀ ၅၂၀-၅၈၂ချန်နိုင်း - ၆၀၀-၆၁၀ ၆၀၀ ၅၉၇MIRT(MAPT)
Background