Main menu

Background

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု လျော့လာ

Sun, 03/04/2012 - 09:36 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ယခင်တစ်ပတ် ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့ ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်)အတွင်းမှာတော့ တန်ချိန် ၇၄၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုကိုကြည့်ရင် တန်ချိန် ၂၈၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၇၀ သန်းကျော်ရရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၁၂၅၀၀၀၊ ဝင်ငွေ ကန်ဒေါ်လာ ၁၀၄ သန်းကျော်နဲ့ယှဉ်ရင် တင်ပို့မှု ပမာဏအားဖြင့် တန် တစ်သိန်းခြောက်သောင်းကျော် ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၆၀ ကျော်သာ ပိုမိုရရှိကြောင်း သိရပါတယ်။     ပြည်တွင်းဈေးကွက်မှာ ပဲစင်းငုံအသစ် အရောင်းအဝယ်ဖြစ်ပေမဲ့ တင်ပို့မှုမှာ တော့ ပဲစင်းငုံအဟောင်းများကြောင်းနဲ့ ပဲစင်းငုံအသစ်ဈေးမှာ အဟောင်းဈေးထက် တစ်တန် ကန်ဒေါ်လာ ၅၀ ခန့် ကွာဟမှုကြောင့် ဝယ်လက်များက အဟောင်းကို ပို ဝယ်ယူတာကြောင့် ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT