Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ် ယခင်တစ်ပတ်ထက် ပိုလျော့လာ

Sun, 03/04/2012 - 09:38 -- Anonymous (not verified)

    ယခုလ အစောပိုင်းသီတင်းပတ်များမှာရန်ကုန် ၤဥြ ဈေးကွက်အတွင်း ပဲစင်းငုံ တန်တစ်သောင်းအထက်မှာ အရောင်းအဝယ်သွက်နေခဲ့ရာမှ ယခင်တစ်ပတ်မှ စပြီး အရောင်းအဝယ်ဖြစ်မှုလျော့လာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၂၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၄ မှ မတ် ၁ ရက်) အတွင်းမှာတော့ တန်ချိန် ၄၇၀၀ သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ တမီလ်နာဒူးမှာ ပဲစင်းငုံခွဲခြမ်းကို ဝယ်ယူဖို့ တင်ဒါခေါ်ယူထားပေမဲ့ သင်္ဘော တင်ကာလဝေးသေးတဲ့အတွက် ဝယ်လက်များ စောင့်ကြည့်နေတဲ့ အနေအထား ရှိနေပါတယ်။    ပြည်တွင်းရောင်းလက်များမှ ရောင်းလိုပေမဲ့ ဝယ်လက်များက ဈေးအနည်းငယ် လျှော့ယူလိုတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုလျှော့နည်းကြောင်း သိရပါတယ်။ ရန်ကုန် ၤဥြ ဈေးအနေဖြင့် မတ်လ ၁ ရက်နေ့မှာ ပဲစင်းငုံအသစ် (အနီ) တစ်တန် ကန်ဒေါ်လာ ၆၁၀-၆၃၀၊ အသစ် ( ဖြူနီနဲ့ အဖြူ )မှာ ကန်ဒေါ်လာ ၄၉၀-၅၁၀ နဲ့ ယခင်သီတင်းပတ်အတိုင်း ငြိမ်နေပေမဲ့ ပဲစင်းငုံနီအဟောင်းဈေးမှာ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ကန်ဒေါ်လာ ၅၇၅-၅၉၅ ရှိရာမှ မတ်လ ၁ ရက်မှာ ကန်ဒေါ်လာ ၅၇၀-၅၉၀ ကို အနည်းငယ်လျော့ကျကြောင်း သိရပါတယ်။  MIRT - MAPT