Main menu

Background

ပဲဟောင်းရော ပဲသစ်ပါ အရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲစင်းငုံဈေးကွက်

Sun, 03/04/2012 - 09:41 -- Anonymous (not verified)

    ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ပဲစင်းငုံသီးနှံစိုက်ဧက ၁၇၀၀၀ ကျော် စိုက်ပျိုး ခဲ့ပြီး၊ ဧကအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ဈေးကွက်အတွင်းကို ပဲစင်းငုံအသစ်များ ဖေဖော်ဝါရီလဆန်းမှစပြီး ဝင်ရောက်ခဲ့ကာယခုနောက်ဆုံးပတ် မှာတော့အိတ် ၅၀ ခန့်သာဝင်ရောက်မှုရှိလာခဲ့ပါတယ်။ပြည်၊ပေါက်ခေါင်း၊ အောင်လံ မြို့နယ် များမှ ဝင်ရောက်ခဲ့ပြီး ရန်ကုန်ဝယ်လက်ကလည်း အဝယ်ရှိတာ ကြောင့် အဟောင်းရော အသစ်ပါ ၂ မျိုးစလုံး အိတ် ၄၀၀ ကျော်ခန့် ရောင်းဝယ်မှု ရှိခဲ့ ကြောင်း သိရပါတယ်။ ပဲစင်းငုံဈေးမှာ ပဲသစ်တစ်တင်း ၁၄၇၀၀ ကျပ်၊ ပဲဟောင်း တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ ယခင်အပတ်ထက် ဈေးလျော့သွားခဲ့ကြောင်း သိရပါ တယ်။                                                     ခင်ဆွေဝင်း