Main menu

Background

ယခုတစ်ပတ်အတွင်း ပဲလွန်းဖြူ FOB အရောင်းအဝယ် ထူးထူးခြားခြားဖြစ်

Sun, 03/04/2012 - 09:44 -- Anonymous (not verified)

    နိုင်ငံတော်တော် များများက အကြိုက်တွေ့တဲ့ ပဲလွန်းဖြူကို ယခု တစ်ပတ်မှာ ထူးထူးခြားခြား အရောင်း အဝယ် ဖြစ်သလို တင်ပို့မှုလည်း ယခင် တစ်ပတ်ထက်ပိုလာတာတွေ့ရပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ ယခင် တစ်ပတ် က တန်ချိန် ၉၀၀ ကျော် တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာ တန်ချိန် ၁၇၀၀ ကျော် တင်ပို့ခဲ့လို့ ယခုဘဏ္ဍာနှစ် ဖေဖော်ဝါ ရီ၂၄ ရက်အထိ စုစုပေါင်း တင်ပို့ပြီးစီး မှုမှ တန်ချိန် ၂၅၀၀၀ ကျော်ပြီးဖြစ်ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၂ သန်း ကျော်ရရှိတားကြောင်း သိရပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူမှာ ပဲလွန်း ဖြူတန်ချိန် နှစ်သောင်းကျော်ရှိပြီး ဝင် ငွေအားဖြင့် ကန်ဒေါ်လာ ၁၇ သန်း ကျော် ရရှိလို့ ယခုနှစ် ကာလတူမှာ ပိုမို တင်ပို့နိုင်ကြောင်း သိရပါတယ်။     ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ် က ပဲလွန်းဖြူတန် ၂၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၅၂၀၀ ကျော်ထိ သိသိသာ သာတိုးတက်ရောင်းဝယ်ခဲ့ကြောင်း သိရ ပါတယ်။ ဝယ်လိုအားကောင်းတဲ့ ပဲဖြစ် သလိုဈေးကွက်တွေကိုလည်း ဝင်ရောက် နေတာဖြစ်လို့ လာမယ့် ရက်တွေမှာ လည်း အရောင်းအဝယ်ကောင်းနိုင် ကြောင်း ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးအပြောင်းအလဲကို ဖော်ပြ လိုက်ပါတယ်-            ပဲလွန်းဖြူ(FAQ)     SQ၁-၃-၂၀၁၂    ၆၈၀-၇၀၀    ၈၁၀-၈၃၀၂၄-၂-၂၀၁၂    ၆၅၀-၆၇၀    ၈၀၀-၈၂၀MIRT(DOBT)