Main menu

Background

မူဆယ်မှ ပဲလွန်းဖြူ တန် ၁၈၀ခန့် အပို့ရှိ

Sun, 03/04/2012 - 09:50 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ သုည ဒသမ ၁၁၉ သန်း  တန်ဖိုးရှိ ပဲလွန်းဖြူ ၁၇၉ တန်ခန့်ကို ဖေဖေါ်ဝါ ရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလ အတွင်းမှာအပို့ရှိခဲ့ပါတယ်။ယခင်အပတ် က တင်ပို့မှုထက် ၁၅၇ တန်ခန့် လျော့ နည်း တင်ပို့ခဲ့ပါတယ်။ဖေဖော်ဝါရီလမှာ နယ်စပ်မှ ပဲလွန်းဖြူ ၁၁၂၃ တန်ခန့် တင်ပို့ ထားပြီး ဖြစ်ပါတယ်။ မိမိဖက် မြေပြင်ပေါက်ဈေးမှာ ၅၉၀၃၂၉ ကျပ် ဖြစ်ပြီး ယခင်အပတ် ကထက် ၂၃၄၁၃ ကျပ်ခန့် ဈေးပိုမိုခဲ့ပေမယ့် တစ်ဖက်နိုင်ငံ ပေါက်ဈေးက ပြောင်းလဲမှုမရှိဘဲ ၉၀၅ ဒေါ်လာ ပေါက်လျက်ရှိတယ်လို့ သိရ ပါတယ်။MIRT (DOBT)