Main menu

Background

ဆန်အပို့ အားကောင်းလို့ ပဲတင်ပို့မှု လျော့ကျ

Sun, 03/04/2012 - 09:53 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၇ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၂၅၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၉၀၀ ကျော် အပို့လျော့ခဲ့ပါတယ်။ မူဆယ် ပဲပြောင်းနှမ်း ကုန်စည်ဒိုင်ကို စုံစမ်းကြည့်ရာ မှာတော့ တစ်ဖက်နိုင်ငံက ဆန်ဝယ်လိုအား ကောင်းပြီး ဈေးလည်းကောင်းနေတာကြောင့်မို့ ပဲတီစိမ်းအပါအဝင် နှမ်း၊ ရော်ဘာ၊ ပြောင်းများလည်း ကုန်တက်နည်းနေတာလို့ သိရပါတယ်။ မိမိဖက်မူဆယ်မှာ ပဲတီစိမ်းမြေပြင်ပေါက်ဈေး တစ်တန်ကို ကျပ် ၉၈၀၀ ဈေးကျနေပေမဲ့ တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု မရှိပါဘူး။ မိမိဖက်မှ ယခင်အပတ်က ပဲတီစိမ်း တစ်တန်ကို ၅၉၉၅၇၇ ကျပ် ဈေးပေါက်ပြီး ယခုအပတ်မှာ ၅၈၉၇၅၀ ကျပ်ပေါက်ကာ တစ်ဖက်နိုင်ငံပေါက်ဈေးကတော့ ၈၂၅ ဒေါ်လာ ဖြစ်ပါတယ်။MIRT (DOBT)