Main menu

Background

ကုလားပဲဖြူလုံးကြီး FOB ဆက်လက်အရောင်းအဝယ်သွက်

Sun, 03/04/2012 - 10:03 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ယခု တစ်ပတ်လည်း ဆက်လက်အရောင်းအဝယ်သွက်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါ ရီလ၂၄ရက်မှမတ်လ ၁ ရက်အထိ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်း တန် ၅၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာ ကုလားပဲဖြူလုံးကြီး တန်ချိန် ၁၁၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ အိန္ဒိယနဲ့ ပါကစ္စတန်မှာ ကုလားပဲအထွက်လျော့တာကြောင့် ဆက်လက် ဝယ်လိုအားကောင်းလာဖွယ်ရှိပါတယ်။    ပြည်ပတင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၃၂၅ တင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာ တန်ချိန် ၄၇၀ ခန့် တင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။ လက်ရှိရောင်းဝယ်မှုအခြေအနေအရ လာမယ့်သီ တင်းပတ် မှာလည်း ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ရှိရာမှမတ်လ ၁ ရက်မှာ ကန်ဒေါ်လာ ၇၆၀-၇၈၀ ကို တိုးလာကြောင်း သိရ ပါတယ်။                                               MIRT - MAPT