Main menu

Background

ဝယ်လိုအားနည်းလို့ အိန္ဒိယကုလားပဲဈေးဆက်လက်လျော့

Sun, 03/04/2012 - 10:07 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲသစ် ဝင်ရောက်မှု တစ်ရက်အိတ် ၃၀၀၀ ခန့်သာ ဝင်ရောက်ပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေးဆက်လက်ကျ ဆင်းခဲ့ပါတယ်။ ယခုနှစ် ကုလားပဲထွက်ရှိမှု လျော့ကျပေမဲ့ မဒ္ဒရာပရာဒေ့ရှ်ဘက်က ကုလားပဲဝင်ရောက်မှုက ယခုအချိန်မှာ အားကောင်းနေတယ်လို့ သိရပါတယ်။ ကုလားပဲထွက်ရှိမှုမှာ ယခင်နှစ်က တန်ချိန် ၈၂ ဒသမ ၂ သိန်းရှိရာမှ ယခုနှစ်မှာ တန်ချိန် ၇၆ ဒသမ ၆သိန်းကို လျော့ကျဖွယ်ရှိတဲ့အပြင် လက်ကျန်မှာလည်း နည်း နေပြီဖြစ်ကြောင်းသိရပါတယ်။ လာမယ့်ကာလတွေမှာ ကုလားပဲဈေး ခိုင်မာနိုင် ကြောင်း ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။    ဒေါ်လာ/ တန်              ၂၉-၂-၂၀၁၂    ၂၈-၂-၁၂    ၂၇-၂-၂၀၁၂    ၂၅-၂-၂၀၁၂ဒေလီ         ၇၆၆-၇၆၈     ၇၆၇-၇၆၈     ၇၈၁-၇၈၃       ၇၉၄-၇၉၆ကန်ပါ         ၇၆၈-၇၇၈     ၇၈၃-၇၉၃    ၇၉၃-၈၀၃        ၇၉၆-၈၀၆အာကိုလာ    ၇၃၇-၇၄၇     ၇၃၂-၇၄၂    ၇၃၂-၇၄၂        ၇၃၅-၇၄၅MIRT(MAPT)