Main menu

Background

မုံရွာကုလားပဲ Export အတွက် ဝယ်လက်ဆွဲပြီ

Sun, 03/04/2012 - 10:09 -- Anonymous (not verified)

    မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ဟာ နထစသမအ အတွက် ကာလကြာ အဝယ်တန့်ခဲ့ရာက ဖေဖော်ဝါရီ လကုန်ပတ်မှစပြီး၊ ရန်ကုန်ဝယ်လက်တွေ စတင် လှုပ်ရှားလာကြလို့ အရောင်းအဝယ်သွက်စပြုနေတယ်လို့ ကုန်သည် ရပ်ကွက်က ဆိုပါတယ်။ ယခုအပတ်ပေါက်ဈေးအနေနဲ့ မနှစ်ကပဲသစ်ပေါ်ချိန်ကာလနဲ့သိပ်မကွာ ဘဲ ကုလားပဲ (တိုင်ပေ) တစ်တင်းအမြင့်ဆုံး ၁၆၅၀၀ ကျပ်၊V2 တစ်တင်း အမြင့်ဆုံး ၁၇၈၀၀ ကျပ်နဲ့ 929 တစ်တင်း အမြင့်ဆုံး ၁၆၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ မုံရွာကုန်စည် ဒိုင်ကို အဝင်အနည်းငယ်စိပ်လာခဲ့တယ်လို့ဆိုပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုတစ်ပတ်မုံရွာကုန်စည်ဒိုင်မှာတစ်ရက်ပျမ်းမျှ တင်း ၃၀၀၀ ကျော်ဖြစ်ခဲ့ပြီး၊ တစ်ချို့ တောင်သူတွေ ဈေးမဖြတ်သေးဘဲ ပစ္စည်းသာအပ်ထားခဲ့ကြကာ၊ သြင်္ကန်အပြီးတက် ဈေးရမှရောင်းကြမယ်လို့ ပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။ မုံရွာခရိုင်အတွင်း ကုလားပဲ အဓိကစိုက်ပျိုးတဲ့ ဘုတလင်၊ ပုလဲနဲ့မုံရွာနယ်က တောင်သူတွေရဲ့ အဆိုအရ ဒီနှစ် ပဲပင် အပျက်အစီးရှိလို့ မနှစ်ကထက် ပဲအထွက်လျှော့နိုင်တယ်လို့ဆိုပါတယ်။ ထွန်းလှိုင်