Main menu

Background

အောင်ပန်းချင်းတို့ ချင်းခြောက်လုပ်မယ်

Mon, 03/05/2012 - 04:00 -- Anonymous (not verified)

    အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)က နေ့စဉ်ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှပိဿာ ၆၀၀၀ ခန့်ဝင်ပြီး၊ အရောင်းအဝယ်ကတော့ အနည်းငယ် အေးနေတယ်လို့သိရပါတယ်။ ဝယ်လက်တွေကလည်း ဈေးချိုတဲ့ပြင်ဦးလွင်ချင်းကို အဝယ်ပိုများနေလို့ အောင်ပန်းချင်းက အရောင်းအဝယ်အေးနေတယ်လို့လည်း သိရပါတယ်။ ဒီနှစ်ရှမ်းတောင်ချင်းတွေကို ဈေးကောင်းမရတာကြောင့် အစိုအတိုင်း အရောင်းနည်းပြီး၊ အခြောက်သာ လုပ်တော့မယ်လို့လည်းသိရပါတယ်။ အဟောင်း ကတော့ လက်ကျန်မရှိတော့ဘူးလို့လည်းသိရပါတယ်။ အောင်ပန်း ချင်းဈေးကွက် မှာတော့ ပယ်ချင်းတွေက ၂၀၀ ကျပ်ရှိပြီး၊ ချင်းတက် (ကြီး/လှ) တွေကတော့ တစ်ပိဿာ ၃၃၀ ကျပ်မှ ၃၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၄၀၀ ကျပ်၊ ၁၅၀၀ ကျပ်ဈေးရှိပါတယ်။    ဟိုပုံးချင်းကလည်း အဝင်သိပ်မများသေးပါဘူး။ ခြံရှင်တွေက ဈေးမကြိုက်လို့ အစိုအတိုင်းမရောင်းတော့ဘဲ၊ အခြောက်ပြုလုပ်ပြီးမှသာရောင်းတော့မယ်လို့ သိရပါ တယ်။ ချင်း(စို)အလှတွေက တစ်ပိဿာ ၂၇၀ ကျပ်ရှိပြီး၊ ပယ်ချင်းကတော့ ၂၀၀ ကျပ်သာရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ နမ့်စန်ချင်း (စို)က တစ်ပိဿာ ၂၀၀ ကျပ်၊ ၂၃၀ ကျပ်ဈေးရှိတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။                                                       ဧဧခိုင်