ပြည်ပကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း မန်ကျည်း တန်ချိန် ၂၀၀၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံနဲ့ တန်ချိန်က အင်ဒိုနီးရှား ကို တန် ၆၀၀ ၊ ပါကစ္စတန်နိုင်ငံကို တန် ၆၅၀၊ စင်ကာပူနိုင်ငံကို တန် ၃၄၀ ၊ မလေးရှားနိုင်ငံကို တန် ၃၆၃ နဲ့ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ယခင် သီတင်းပတ် မန်ကျည်းတင်ပို့မှုက တန် တစ်ထောင့်တစ်ရာကျော်ရှိခဲ့တာ ကြောင့် ဒီသီတင်းပတ်မန်ကျည်းတင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ရှစ်ရာခြောက်ဆယ် ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလမှ စတင်ပြီး တင်ပို့ခဲ့တဲ့ မန်ကျည်းက ဒီ တစ်ပတ်မှာ ပို့အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ FOB ဈေးတစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ရရှိခဲ့တာကြောင့် စုစုပေါင်း ပို့ကုန်ဝင်ငွေဒေါ်လာ ကိုးသိန်းကျော်ရရှိ ခဲ့ပါတယ်။ MIRT (DOT)
Background