Main menu

Background

အရောင်းအဝယ်ပုံမှန်ရှိတဲ့ ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်

Mon, 03/05/2012 - 04:02 -- Anonymous (not verified)

    မန်ကျည်းလှိုင်လှိုင်ထွက်လေ့ရှိတဲ့ ကျောက်ပန်းတောင်းနယ်မှာ ယခုနှစ်မန် ကျည်းရာသီမှာလည်း ပုံမှန် အရာင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ကျောက်ပန်း တောင်းနယ်သို့ မြို့နယ်တွင်းထွက်ရှိတဲ့ကျေးရွာများနဲ့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်တို့မှ မန်ကျည်းအသစ်များဝင်ရောက်လျက်ရှိပြီး၊ ပခုက္ကူနယ်မှာ မန္တလေးသို့ တင်ပို့မှုများကြောင်းသိရပါတယ်။ ကျောက်ပန်းတောင်းမှာ ရန်ကုန်မှတစ်ဆင့် ပြည်ပ သို့တင်ပို့မှုရှိကြောင်းသိရပါတယ်။ လက်ရှိပေါက်ဈေးအနေနဲ့ မန်ကျည်းအသား တစ်ပိဿာ ၇၅၀ ကျပ်မှ ၈၀၀ ကျပ်၊မန်ကျည်းအလုံးမှာ ၃၅၀ ကျပ်မှ ၃၇၅ ကျပ်၊ ရမည်းသင်းမြို့နယ်မှ မန်ကျည်းဓါးစင်းတစ်ပိဿာ ၅၀၀ ကျပ်ရှိပြီး၊ ကုန်တင်ခ နှုန်းထားအနေနဲ့ ကျောက်ပန်းတောင်း-ရန်ကုန်မှာ တစ်ပိဿာ ၆၀ ကျပ်၊ ရမည်း သင်း-ရန်ကုန်ကို တစ်ပိဿာ ၄၅ ကျပ်၊ ၅၀ ကျပ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။                                                        သင်းသင်းမြတ်