Main menu

Background

ပြည်ပအဝယ်ရှိလို့ အိန္ဒိယနနွင်းဈေးတိုးလာ

Mon, 03/05/2012 - 04:07 -- Anonymous (not verified)

    ပြည်ပတင်ပို့ဖို့ ဝယ်လိုအားတက်လာတာကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်မှာ အိန္ဒိယ နနွင်းလက်ငင်းဈေး မြင့်တက်ခဲ့ပါ တယ်။ နနွင်းစိုက်ပျိုးသူများဈေးတိုးလာတဲ့အတွက် ၎င်းင်းတို့ လက်ကျန်နနွင်းများ ဈေးကွက်ကို သယ်ယူလာကြတယ်လို့ သိရပါ တယ်။နနွင်းတောင်သူများဟာ ၎င်းင်းတို့ နနွင်းဟောင်းတွေကို သိုလှောင်ထားကြပြီး၊ ဈေးမြင့်လာရင် ၎င်းင်းတို့ နနွင်းများ သယ်ယူ လာကြမှာဖြစ်ပါတယ်။ ပြည်ပတင်ပို့သူတွေရဲ့ အဝယ်ရှိနေတာကြောင့် နနွင်းတစ်တန်ရူပီး ၁၅၀၀-၂၀၀၀(ကန်ဒေါ်လာ ၃၁-၄၁) မြင့်တက်ခဲ့ကြောင်း အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဋ္ဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။    ပြည်ပတင်ပို့သူတွေဟာ အိန္ဒိယမြောက်ပိုင်းမြို့အချို့က မှာယူမှုအသစ်တွေ ရရှိခဲ့တာကြောင့် နနွင်းသစ်များ ဝယ်ယူ နေကြခြင်းဖြစ်ပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာ ပြောင်းလဲခြင်းမရှိကြောင်းသိရပါတယ်။ နနွင်းဟောင်းက တစ်တန် ရူပီး ၄၄၀၀၀ (ကန်ဒေါ်လာ ၈၉၈)ဖြစ်ခဲ့ပြီး စပ်မျိုး Salem နနွင်းမှာလည်း အရည်အသွေး ကောင်းတာကြောင့် တစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၁)တိုးခဲ့ပါတယ်။    အီရော့ခရိုင်အတွင်း နနွင်းသစ်တွေ လာမယ့်ရက်အတွင်းမှာ ရိတ်သိမ်းမှုစတော့မှာဖြစ်လို့ မတ်လလယ်မှာ ဈေးကွက်တွေကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ နနွင်းသစ်အထွက်နှုန်းတိုးတာကြောင့် နနွင်းဈေးကျဆင်းနေတာကို တောင်သူများ သတိပြု နေကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လိုအပ်မှသာရောင်းပြီး ၎င်းင်းတို့ ထုတ်ကုန်တွေကို သိုလှောင်ထားကြတယ်လို့ သိရပါ တယ်။ဈေးကွက်အတွင်းဝင်လာတဲ့ နနွင်းဟောင်းအိတ်ရဲ့ ၆၀ ရာခိုင်နှုန်းသာ ရောင်းချရတယ်လို့ သိရပါတယ်။ အီရော့ နနွင်း ကုန်သည်များအသင်းဈေးဝင်းမှာနနွင်းလက်ချောင်းဈေးက တစ်တန် ရူပီး ၂၅၁၉၀-၄၂၉၉၀ (ကန်ဒေါ်လာ ၅၁၄-၈၇၇) ရှိပြီး၊ နနွင်းဈေးက ရူပီး ၂၅၀၉၀-၃၈၆၆၀(ကန်ဒေါ်လာ ၅၁၂-၇၈၉)ဖြစ်ကြောင်း သိရပါတယ်။ယမင်းခင် ၊Source: hindubusiness