Main menu

Background

ဂျာမနီစီးပွားရေး အညွှန်းကိန်း ၄ လဆက်တိုက် မြင့်မားခဲ့သည်ဟူသော အစီရင်ခံစာကြောင့် ယူရိုငွေတန်ဖိုးမြင့်မားလာ

Mon, 03/05/2012 - 04:11 -- Anonymous (not verified)

ဇန်နဝါရီလအတွက် ဂျာမနီစီးပွားရေးအညွှန်းကိန်း ၄ လဆက်တိုက် မြင့်မားခဲ့တယ်ဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်း ယူကိုငွေတန်ဖိုးက သီတင်းပတ် ၁၀ ပတ်ကျော်ကာလအတွင်း အမြင့်ဆုံးကို ရောက်ရှိလာတယ်။ အီးယူဒေသရဲ့ စီးပွားရေးအင်အားအကြီးမားနိုင်ငံဖြစ်တဲ့ ဂျာမနီရဲ့ GDP ကလည်း ၂၀၁၁ ခုနှစ် စတုတ္ထသုံးလပတ်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ဖွယ်ရှိတယ်လိ့ု Bloomberg  မှ စီးပွားရေးပညာရှင်တွေရဲ့ လေ့လာမှုအရသိရတယ်။  ဂျာမနီစီးပွားရေး အားကောင်း လာမှုကြောင့် ယူရိုငွေက ဂျပန်ယန်းနဲ့လဲလှယ်ရာမှာ တန်ဖိုးမြင့်မားလာတဲ့ ကာလက ၂၀၁၁ ဧပြီနောက်ပိုင်း အရှည်ကြာဆုံး ကာလဖြစ်လာတယ်။ ယခုသီတင်းပတ်မှာ ကျင်းပမယ့် G-20 ဆွေးနွေးပွဲမှာလည်း အီးယူဒေသ ကြွေးမြီအကျပ်အတည်းအတွက် နောက်ထပ်အကူအညီတွေ ဆောင်ရွက်ပေးရေး ဆွေးနွေးဖွယ်ရှိတယ်လို့ မျှော်လင့်ကြခြင်းကလည်း ယူရိုငွေတန်ဖိုးကို မြင့်မား စေတယ်။ဖေဖော်ဝါရီ ၂၄ရက် တိုကျိုစံတော်ချိန် နံနက် ၁၀း၂၉ နာရီ ကမ္ဘာ့ငွေလဲနှုန်းတွေအရ ယူရိုငွေက ဂျပန်ယန်းနဲ့ လဲလှယ် ရာမှာ သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်မားကာ တစ်ယူရိုကို ၁၀၇ ဒသမ ၁၆ ယန်းအထိရောက်ရှိခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက် နောက်ပိုင်း ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားခဲ့ခြင်းဖြစ်တယ်။ ယူရိုငွေ ကကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း တစ်ယူရိုကို ၁ ဒသမ ၃၃၈၀ ဒေါ်လာ အထိရောက်ရှိခဲ့ရာ ၂၀၁၁ ဒီဇင်ဘာ ၁၃ နောက်ပိုင်း ယူရိုငွေတန်ဖိုးအမြင့်ဆုံးဖြစ်တယ်လို့ သိရတယ်။Source:Bloomberg.com  ပပ