Main menu

Background

ဘရန့်အမျိုးအစား ရေနံစိမ်း ဈေးနှုန်းများ တစ်စည်လျှင် ၁၂၀ ဒေါ်လာအထက် ရောက်ရှိလာ

Mon, 03/05/2012 - 04:34 -- Anonymous (not verified)

          ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်း မွန်လာတဲ့ လက္ခဏာတွေ မြင်တွေ့လာ ရခြင်းနဲ့ အီရန်နိုင်ငံနဲ့ အနောက်နိုင်ငံ တွေအကြားတင်းမာမှုတွေကြောင့် ရေနံ စိမ်းရောင်းလိုအားအပေါ် စိုးရိမ်မှုများ လာခြင်းတို့ကြောင့်  ရေနံစိမ်းဈေးနှုန်း တွေ ပြန်လည်ဦးမော့လာတယ်လို့ သိရ ပါတယ်။ဇန်နဝါရီလအတွင်း ဂျပန်နဲ့ တောင် ကိုရီးယားမှာ  စက်မှုထုတ်ကုန်တွေ ထုတ်လုပ်မှုက ခန့်မှန်းထားတာထက် ပိုမိုခဲ့ခြင်း၊ အမေရိကန်စီးပွားရေး နာလန် ထူလာမှုအခြေအနေ ကောင်းမွန်လာ ခြင်းနဲ့ ဥရောပဒေသ ကြွေးမြီပြဿနာ ကို ထိန်းချုပ်နိုင်မယ့် လက္ခဏာတွေ တွေ့မြင်လာရခြင်းတို့ကြောင့် ရေနံစိမ်း ဝယ်လိုအားမြင့်မားမယ် ခန့်မှန်းလာကြ တယ်။ ၎င်းင်းအချိန်မှာ အီရန်ရဲ့ ရေနံ စိမ်းရောင်းလိုအားအပေါ် စိုးရိမ်မှုရှိနေ ခြင်းက ရေနံစိမ်းဈေးနှုန်းကို မီးထိုးပေး လျက်ရှိတယ်။ဒါကြောင့် ဧပြီလအရောက်ပို့ရမယ့် (WTI Oil) က တစ်စည်ကို ၆၀ ဆင့် မြင့်မားကာ ၁၀၇ ဒသမ ၁၅ ဒေါ်လာနဲ့ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး မှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရတယ်။ ယခုလအတွင်း (WTI Oil)  ရေနံစိမ်းဈေးနှုန်းက ၈ ဒသမ ၆ ရာခိုင် နှုန်းမြင့်မားခဲ့တယ်။ ဧပြီလ ငွေချေရမယ့် ဘရန့်အမျိုးအစား  ရေနံစိမ်းကလည်း သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်မားကာ ၁၂၂ ဒသမ ၄၄ ဒေါ်လာနဲ့ လန်ဒန်  ICE Futures Europe Exchange   မှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။Source:bloomberg.comပပ