Main menu

Background

ပါကစ္စတန် ဆန်၊ ဂျုံနဲ့ အီရန်ဓာတ်မြေသြဇာ၊ သံသတ္တုရိုင်းတို့ ပစ္စည်းချင်းဖလှယ် ကုန်သွယ်ဖို့ သဘောတူ

Mon, 03/05/2012 - 04:41 -- Anonymous (not verified)

ပါကစ္စတန်ရဲ့ ဆန်ကုန်သွယ်မှုမှာ အီရန်နဲ့ ဖလှယ်ချင်းဖလှယ်တဲ့ စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပစ္စည်းဖလှယ်တဲ့ ကုန်သွယ်မှုသစ်အရ လာ မယ့်လမှာ အီရန်နဲ့စာချုပ်ချုပ်ဆိုနိုင်တယ်လို့ သိရပါတယ်။ ပါကစ္စတန်က တင်ပို့မယ့် ဆန်တန်ချိန် ၂ သိန်းနဲ့ ဂျုံတန်ချိန် ၁ သန်းအတွက် အီရန်ရဲ့ သံတ္တုရိုင်းနဲ့ ဓာတ်မြေ သြဇာကို လက်ခံရယူသွားမယ်လို့ သိရပါတယ်။ဒါပေမယ့် ဓာတ်မြေသြဇာနဲ့ သံသတ္တုရိုင်းတို့ရဲ့ ပမာဏနဲ့ ဈေးနှုန်းကိုတော့ အပြီးသတ်ဆွေးနွေးရခြင်း မရှိသေးဘူးလို့ ပါကစ္စတန် ရေနဲ့ ရေအားလျှပ်စစ်ဝန်ကြီး ဌာန အရာရှိတစ်ဦးမှပြောကြားပါတယ်။ ဒါပေမယ့် ဆန်နဲ့ ဂျုံရောင်းချတဲ့ ဈေးနှုန်း တန်ဖိုးနဲ့အညီကိုတော့ ဝယ်ယူသွားမယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မျှော် လင့်မထားတဲ့ အံ့အားသင့်စရာ တိုးတက်မှုအနေနဲ့ ပြိုင်ဖက်အိန္ဒိယက ဘာစမာတီ ဆန် တန် ၂၅၀၀ တင်သွင်းမယ်လို့ ဆိုပါတယ်။ လေ့လာဆန်းစစ်သူများကတော့ အဲဒီတင်ပို့မှုဟာ အီရန်နဲ့သွယ်ဝိုက်သောအားဖြင့် ကုန်သွယ်မှုအတွက် ဖြစ်လိမ့်မယ် လို့ ဆိုပါတယ်။                                လဝန်း၊ Source: oryza.com