Main menu

Background

နယ်စပ်မှ နှမ်းအပို့ သိသိသာသာလျော့နည်း

Mon, 03/05/2012 - 04:47 -- Anonymous (not verified)

ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလတွင်ကန်ဒေါ်လာသုည ဒသမ ၄၅၅ သန်းတန်ဖိုးရှိ နှမ်းနက် ၂၁၈ တန်ခန့်၊ နှမ်းဖြူ ၇၃ တန်ခန့်နဲ့ နှမ်းဖြူ(အခွံချွတ်)  ၃၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းရောင်စုံ အပို့သိသိသာသာ လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် တန် ၇၄၀ အပို့လျော့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဘက်မှ ဝယ်လိုအား ကောင်းတဲ့အတွက် ဆန်တင်ပို့မှုကို ဇောင်းပေးလုပ်ကိုင်နေကြတာကြောင့် ပဲပြောင်းနှမ်းအပို့တွေ ကျနေတာလို့ မူဆယ် ပဲပြောင်း နှမ်းအသင်းကို ဆက်သွယ်စုံစမ်း သိရှိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါ မြေပြင်နှမ်းဈေးများလည်း လျော့ကျ လျက်ရှိပါတယ်။ နှစ်ဖက်မြေပြင် နှမ်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                         မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု         ယခင်     ပြောင်းလဲမှု    %     ယခု    ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ      ၉၆၈၁၉၁    ၉၉၉၈၀၀    ၃၁၆၀၉       ၃    ၁၂၇၀    ၁၂၈၆       ၁၆           ၁နှမ်းနက်    ၉၂၈၇၆၀    ၉၇၀၃၀၀    ၄၁၅၄၀       ၄    ၁၃၄၉    ၁၃၉၇       ၄၈           ၃    MIRT (DOBT)