ဒီတစ်ပတ်မာရီဂိုးနို့ဆီတစ်မျိုးသာဝင်ဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း နို့ဆီ ၁၅၉ ဒသမ ၈၇ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ တစ်သိန်းခုနစ် သောင်းကျော်ဖိုးကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ မာရီဂိုးနို့ဆီတစ် မျိုးတည်းသာ မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းက တင်သွင်းမှု မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် နို့ဆီ တင်သွင်းမှုက တန်ချိန် နှစ်ရာ့ခြောက် ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ယှဉ်ကြည့်ရင် တန်ချိန် တစ် ရာကျော်လောက် လျော့နည်းပြီး တင် သွင်းတာခဲ့တာ တွေ့ရပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန်နဲ့ USA တို့မှ တင်သွင်းခဲ့တာ တွေ့ရပါ တယ်။USA မှ ၈ ဒသမ ၂၉ တန်နဲ့ နယူးဇီလန်မှ ၇၄ ဒသမ ၈၃ တန် တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့် တင်သွင်းမှုက နှစ်ဆယ့်တစ်တန်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင် တန် ချိန်နဲ့ကြည့်ရင် လေးဆနီးပါး ပိုမိုတင် သွင်းနိုင်တာ တွေ့ရပါတယ်။MIRT (DOT)နို့မှုန့်နဲ့ နို့စိမ်း နယ်စပ်မှအသွင်းရှိဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ် ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၃ သန်း တန်ဖိုးရှိ နို့မှုန့် ၂၈ တန်ခွဲ အသွင်းရှိခဲ့ပါတယ်။ မြန်မာ-ထိုင်း နယ် စပ်ရှိ ကော့သောင်းနယ်စပ်မှ ပုံမှန် အားဖြင့် နို့ဆီနဲ့ နို့စိမ်းအသွင်းရှိသော် လည်း ယခုအပတ်မှာတော့ နို့စိမ်းသာ အသွင်းရှိတယ်လို့ သိရပါတယ်။ ကန် ဒေါ်လာ ၂၉၀၀၀ တန်ဖိုးရှိ နို့စိမ်းတန် ၃၀ ကျော် (၁၆၀၀ ကာတွန်း) အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၃ တန်ကျော် (၁၂၅၀ ကာတွန်း) တင်သွင်း မှု လျော့နည်းခဲ့ပါတယ်။ ကော့သောင်း မှာ နို့စိမ်း ၁ ကာတွန်းကို ၂၇၈၄၀ ကျပ် ဈေးပေါက်ပြီး တစ်ဖက် ရနောင်းမှာ တော့ ဘတ် ၆၄၀ ပေါက်တယ်လို့ သိရ ပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) 650 600 ဒွန်း (နို့စိမ်း) 620 625 ဝမ်းတီးနို့ဆီ 630 650 အိုကေ(နို့ဆီ) 600 600 အိုကေ (နို့စိမ်း) 600 600
Background
