ဥရောပဗဟိုဘဏ်မှ ဥရောပဘဏ်များကို အတိုးနှုန်းသက်သာတဲ့ချေးငွေထုတ် ချေးဖို့ မျှော်လင့်ချက်ရှိပေမယ့် ပြည်ပဝယ်လိုအားနှေးကွေးခြင်း၊ ရင်းဂစ် တန်ဖိုး ခိုင်မာခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီကြမ်းဈေး ကျဆင်းခဲ့ပါတယ်။ ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ၂၇ ရက်၊ မေလစာချုပ်ဈေးက သုည ဒသမ ၈ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ရင်းဂစ် ၃၂၇၀(ကန်ဒေါ်လာ ၁၀၉၀) ဖြစ်လာပါတယ်။ မလေးရှားနိုင်ငံရဲ့ ဖေဖော်ဝါရီလ စားအုန်းဆီတင်ပို့မှုဟာ ဇန်နဝါရီနဲ့ယှဉ်ရင် ၁၁ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၁ ဒသမ ၁၈ သန်းသာရှိတယ်လို့ ကုန်ပစ္စည်းစစ် ဆေးတဲ့ အေဂျင်စီများထံမှ သိရပါတယ်။ ကမ္ဘာ့ဒုတိယ အများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံမှာ လကုန်သိုလှောင်မှုဟာ အနည်းငယ်လျော့ကျပြီး၊ တန်ချိန် ၁ ဒသမ ၉၅ သန်း - ၂ သန်းသာရှိတယ်လို့ သိရပါတယ်။ လကုန်လက်ကျန် အနည်းငယ်လျော့ပေမယ့် ပုံမှန်ပမာဏထက် အနည်းငယ် ပိုမိုနေဆဲ ဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာ ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်တယ်လို့ စင်ကာပူမှ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမယ့် တောင်အမေရိကမှ ပဲပုပ် ရောင်းချမှုလျော့ကျခြင်းက စားအုန်းဆီဈေးထက် ပဲပုပ်ဆီဈေးပိုမိုမှုကြီးမားလာမှာ ဖြစ်ပါတယ်။ ဝယ်လက်များက ဈေးသက်သာတဲ့ဆီကို ပြောင်းလဲဝယ်ယူမှာကို စိုးရိမ် ကြတာကြောင့် လာမယ့်လများမှာ စားအုန်းဆီဝယ်လိုအား တက်လာဖွယ်ရှိပြီး ဈေးမြင့်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားဆိပ်ကမ်းမှ သန့်စင်ပြီး စားအုန်းဆီဈေးက ပဲပုပ်ဆီဈေးထက် တစ်တန်ကန်ဒေါ်လာ ၈၀ လျော့ကျရာမှ လာမယ့်လတွေမှာ ပဲပုပ်ဆီရောင်းချမှု ပိုမို နည်းလာနိုင်တာကြောင့် လာမယ့်လတွေမှာ တစ်တန်ကန်ဒေါ်လာ ၁၅၀ ဝန်းကျင်ထိ လျော့ကျနိုင်တယ်လို့ Rabobank မှ လေ့လာဆန်းစစ်သူ Puwan Kurvery မှ ခန့်မှန်းပါတယ်။ လက်ငင်းဈေးကွက်မှာ မတ်လတင်ပို့ဖို့ သန့်စင်ပြီး စားအုန်းဆီတစ်တန် ကန်ဒေါ်လာ ၁၁၂၀ ရှိပြီး၊ ဧပြီ၊ မေ၊ ဇွန်လအတွက်ဈေးမှာ ကန်ဒေါ်လာ ၁၁၂၅ ရှိတယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်း ဆီကြမ်း လက်ငင်းဈေးမှာ ရင်းဂစ် ၂၀(ကန်ဒေါ်လာ ၆ ဒသမ ၆၆ ) ကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၃၂၄၀(ကန်ဒေါ်လာ ၁၀၈၀)ရှိကြောင်း သိရပါတယ်။ယုဇန၊Source: plamoilhq.com
Background