Main menu

Background

မတ်ပဲ

Mon, 03/05/2012 - 05:11 -- Anonymous (not verified)

မတ်ပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်           ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်     ၁ တန်          ၄၂၂၀၀၀     ၄၄၆၀၀၀            ၂    မုံရွာ               ၁ ပိဿာ         ၆၄၅             ၆၂၅            ၃    ပြည်               ၁ ပိဿာ         ၆၆၀             ၆၇၅        ၄    ဟင်္သာတ         ၁ ပိဿာ        ၆၈၅              ၆၈၅                ၅    မန္တလေး           ၁ ပိဿာ        ၆၅၈              ၆၈၃        မတ်ပဲ(သစ်)ရော (ဟောင်း)ပါ အရောင်းအဝယ်ပုံမှန်ရှိနေ    ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ်မတ်ပဲ (RC) သစ်ရော (ဟောင်း) ပါ အိတ်စပို့အဆွဲပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ပဲလက် ကျန်အဟောင်းတွေကို လှောင်လက်တွေထုတ်ရောင်းမှုများလာသလို အိတ်စပို့ဝယ်လက်တွေကလည်း အရည်အသွေးအပေါ်မူတည်ပြီး အဝယ်ရှိနေတယ်။ ပဲဟောင်းအရောင်းအဝယ်ပုံမှန်ဖြစ်သလို ဈေး ကွက်ထဲဝင်လာတဲ့ ပဲသစ်တွေကိုလည်း အိတ်စပို့ဝယ်လက်က အရည် အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ပဲကုန်သည်တစ် ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) (ဟောင်း) တစ်တန်ကို အနိမ့်ဆုံး ၄၁၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၂၂၀၀၀ ကျပ် အတွင်း၊မတ်ပဲ (RC) (သစ်)တစ်တန်ကို အနိမ့်ဆုံး ၄၄၂၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၈၀၀၀ ကျပ်အတွင်း စုစုပေါင်းတန် ၂၁၄၂ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲနည်းသွားပြီး မြို့ခံပဲခွဲစက်များနဲ့ အမှုန့်ကြိတ်စက်များက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၆၈၃ ကျပ် (တစ်တန်ကို ၄၁၈၂၆၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၆၀၀ မှ ၇၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို  ပါတယ်။ မုံရွာဈေးကွက်မှာ မတ်ပဲက ဈေးကွက်သို့အဝင်ပုံမှန်ရှိသ လိုမြို့ခံခွဲစက်နဲ့ မြို့တွင်းလက်လီပြန်လည်ရောင်းချမည့်သူများကလည်း  တစ်ပိဿာ ၆၂၅ ကျပ်(တစ်တန်ကို ၃၈၂၇၄၃ ကျပ်)နဲ့ ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(သစ်)တွေဈေး ကွက်သို့ ယခင်အပတ်ထက်စာရင် ပိုမိုဝင်ရောက်လာသလို ရန်ကုန် အဆွဲကလည်း ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲသစ်တွေဈေးကွက်သို့အဝင် လှိုင်နေပြီး အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားသွက်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။