Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Mon, 03/05/2012 - 05:13 -- Anonymous (not verified)

ထိုင်ဝမ်(ကုလားပဲ)    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး         ၁ ပိဿာ            ၈၂၇    ၈၀၉                ၂    မကွေး            ၁ ပိဿာ           ၇၆၈    ၇၆၆         ၃    မုံရွာ               ၁ ပိဿာ          ၇၃၇    ၈၀၀        ၄    အောင်လံ        ၁ ပိဿာ           ၇၆၅    ၇၈၀        ၅    မြင်းခြံ           ၁ ပိဿာ           ၈၂၀    ၈၁၅    ၆    ပြည်             ၁ ပိဿာ            ၇၈၅    ၇၉၀ ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်များ ဝယ်အားပုံမှန်ရှိနေ    မန္တလေးဈေးကွက်မှာ ကုလားပဲက ဈေးကွက်သို့အဝင်ပုံမှန်ရှိ နေသလို မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်များကလည်း ဝယ်အားပုံမှန် ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၀၉ ကျပ်(တစ်တန်ကို ၄၉၅၄၂၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ မြို့ခံပဲခွဲစက် တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၆၆ ကျပ်(တစ် တန်ကို ၄၆၉၀၉၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၂၅၀ ကြားဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်၊ ပဲကြာ ဇံစက်နဲ့ အမှုန့်ကြိတ်စက်များက ဝယ်အားသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၀၀ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ အောင်လံဈေးကွက် မှာ ကုလားပဲကို မြို့ခံခွဲစက်တွေက ဝယ်အားများလာသလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရ ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၀ ကျပ်(တစ်တန် ကို ၄၇၇၆၆၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲ ကိုမြို့ခံပဲခွဲစက်တွေ ဝယ်အားနည်းပေမယ့် ရန်ကုန်ဝယ်လက်ဝယ်အား ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၉၀ ကျပ်(တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလား ပဲကိုခွဲစက်တွေက ဝယ်အားအနည်းငယ်ပျော့သွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉၀၉၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။