Main menu

Background

နှစ်နိုင်ငံဆန်စပါး ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေး အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းတို့ တွေ့ဆုံဆွေးနွေး

Mon, 03/05/2012 - 05:18 -- Anonymous (not verified)

    ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ  နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ စီးပွားရေးဝန်ကြီးများ တွေ့ဆုံပွဲကို တက်ရောက်ရန်  ရောက်ရှိနေတဲ့  အင်ဒိုနီးရှားသမ္မတနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး H.E  Gita  Wirjawan အား မြန်မာ နိုင်ငံ  ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင် ဇော်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းတိုးတို့မှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်မှာ နေပြည်တော်၊  အမရာဟိုတယ်၌ သွားရောက်တွေ့ဆုံဂါရဝပြုကြောင်း သတင်းရရှိပါတယ်။     ထိုသို့ တွေ့ဆုံဂါရဝပြုရာမှာ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဘက်မှအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေး မှူးချုပ် အပါအဝင် အဆင့်မြင့် အရာရှိကြီးများ၊ အင်ဒိုနီးရှား နိုင်ငံသံရုံး ယာယီတာဝန်ခံ Mr.Totok  Prianamto တို့ လည်း တက်ရောက်ကြပြီး  မြန်မာနိုင်ငံ  ဆန်စပါးလုပ်ငန်း အသင်းနဲ့ Perum  Bulog တို့အကြား ချုပ်ဆိုထားတဲ့ ဆန် တင်ပို့ ရောင်းချမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကဏ္ဍများမှာ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်နဲ့ ကုန်သွယ်မှု တိုးမြှင့်ရန်ကိစ္စများကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါတယ်။MRIA