Main menu

Background

ပုသိမ်မြို့နယ် ငွေစုငွေချေးသမဝါယမအသင်းများမှ ပံ့ပိုးချေးငွေ ထုတ်ပေးလျက်ရှိ

Mon, 03/05/2012 - 05:18 -- Anonymous (not verified)

    ပုသိမ်မြို့နယ်မှာ   အသေးစား လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီး အရာရှိနဲ့ ဝန်ထမ်းများမှ ကြီးကြပ်လျက် ပံ့ပိုးချေးငွေများ ထုတ်ချေးလျက်ရှိရာ ကြယ်စင်ဟိန်း ဈေးသမဝါယမအသင်းရှိ အသင်းသား ၁၇၆ ဦးအား မတည်ရင်း နှီးငွေ ကျပ် ၁၂၁ ဒသမ ၆ သိန်း၊ မြို့ သစ်ဈေး အသင်းသား ၁၀၅ ဦးအား ကျပ် ၆၆ ဒသမ ၉ သိန်း၊ အောင်သီရိ ဈေး အသင်းသား ၁၇၄ ဦးအား ကျပ် ၇၇ ဒသမ ၇ သိန်း၊ ကွမ်းခြံဈေးအသင်း သား ၆၁ ဦးအား ကျပ် ၃၄ ဒသမ ၈ သိန်း၊ သင်္ဘောကျင်းဈေး အသင်းသား ၁၁၀ ဦးအား  ငွေကျပ် ၆၂ ဒသမ ၂ သန်း၊ ရေပေါ်ဈေးအသင်းသား ၅၁ ဦးအား ငွေကျပ် ၄၁ ဒသမ ၇ သိန်း၊ ရွှေဝါထွန်းဈေး အသင်းသား ၁၀၁ ဦးအား ငွေကျပ် ၆၄ ဒသမ ၈ သိန်း၊ ငဝန်ကျွန်းသားဈေး အသင်းသား ၅၀ ဦးအား ပံ့ပိုးချေးငွေကျပ် ၁၅ သိန်း၊ ရွှေသာယာမြို့မဈေး (ချောင်းသာ) အသင်းသား ၉၀ ဦးအား ငွေကျပ် ၂၇ သိန်း၊ ကြည်သာဈေး(ကုန်းကြီးရွာ)  အသင်းသား ၈၀ ဦးအား ငွေကျပ် ၂၄ သိန်း၊ ဂျီအီးစီ  ပညာရေးသမဝါယမ အသင်းရှိ အသင်းသား ၄၀ အား ငွေ ကျပ်သိန်း ၂၀၊ ဧရာဝတီမွေးမြူရေး ကုန်ထုတ် အသင်းသား  ၁၀ ဦးအား ပံ့ပိုးချေးငွေ ကျပ်သိန်း ၅၀ နဲ့ အသေး စား လက်မှုလုပ်ငန်းများဖြစ်တဲ့ ရွှေ သမင်ယပ်တောင် ငွေစုငွေချေးအသင်း သား ၈၀ ဦးအား ပံ့ပိုးထုတ်ချေးငွေကျပ် ၂၄ သိန်း၊ ရွှေနံ့သာယပ်တောင် အသေး စားလက်မှုလုပ်ငန်းအသင်းသား  ၁၃၄ ဦးအား ပံ့ပိုးချေးငွေကျပ် ၄၀ ဒသမ ၂ သိန်း၊ ဆင်းသီရိ  အသေးစား ငွေစု ငွေချေး သမဝါယမအသင်းသား ၁၇၅ ဦးအား ပံ့ပိုးချေးငွေကျပ် ၅၂ ဒသမ ၅ သိန်း၊ ဈေးမဝါယမအသင်း၊ အသေးစား လက်မှုလုပ်ငန်းအသင်း၊ ဂျီအီးစီ ပညာ ရေးအသင်း၊ မွေးမြူရေးကုန်ထုတ် အသင်း၊အသေးစားငွေစုငွေချေးအသင်း များ ထပ်မံဖွဲ့စည်းပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ၂၇ ရက်အထိ ပုသိမ်မြို့နယ် သမဝါယမဦးစီးဌာနမှ အတိုးနှုန်း သက် သာစွာနဲ့ ထုတ်ချေးပြီးကြောင်း သိရပါ တယ်။        မင်းမင်းဦး