Main menu

Background

သစ်သီးဝလံများ တန်ဖိုးမြှင့် စိုက်ပျိုးထုတ်လုပ်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Mon, 03/05/2012 - 05:19 -- Anonymous (not verified)

    သစ်သီးဝလံများ တန်ဖိုးမြှင့် စိုက်ပျိုးထုတ်လုပ်မှု အလုပ်ရုံဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်မှာမန္တလေးတိုင်းဒေသကြီး စိုက်ပျိုး ရေးရုံး အစည်းအဝေးခန်းမမှာ ကျင်းပ ပြု လုပ်ခဲ့ပါတယ်။    အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်၊ မန္တလေးမြို့နဲ့ လားရှိုးမြို့အပါအဝင် ပလိပ်၊ မင်းကန်၊ ဆည်ရွာ၊ ရွာသစ်ကြီး၊ မတ္တရာ၊ ဒီပဲယင်း၊ မိကျောင်းတက်၊ ဒေါင့်ကြီးကွေ့၊ ဟံမြင့်မိုရ်၊ ညောင်ပင် ဝန်း၊ မကျီးကန်ကျေးရွာမှ လယ်ယာနဲ့ ဥယျာဉ်ခြံစိုက် တောင်သူများ ၃၃ ဦး တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးမှ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ တိုင်းဒေသကြီး ကုန်သွယ်လယ် ယာနှင့် သစ်သီးဝလံအသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။    ဆွေးနွေးပွဲမှာ သစ်သီးဝလံများ ပါကင်ထုပ်ပိုးမှုအကြောင်း၊ သဘာဝမြေသြဇာအသုံးပြုပြီး စိုက်ပျိုးနိုင်ခြင်းနဲ့ စိုက်ပျိုးပြီး အပင်များအား ပြုစုထိန်းသိမ်းခြင်းများအကြောင်းကို မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်း ဝယ်ရေးရုံးနဲ့ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတို့မှ ပညာရှင်များက ဆွေးနွေးခဲ့ပါတယ်။ ၎င်းင်းဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်အတွက် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး၊ ရှေ့လာမယ့် ၂၀၁၅ ခုနှစ် (AFTA)ဖြစ်လာပါက ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး