Main menu

Background

ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ခန်းမတွင် အထူးခြားဆုံးကုန်စည်ပြပွဲကြီး ကျင်းပပြုလုပ်

Mon, 03/05/2012 - 05:22 -- Anonymous (not verified)

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ခန်းမတွင် မြန်မာ အနော်ရထာစီးပွားရေး လုပ်ငန်းစုမှဦးဆောင်၍ အခမ်းနားဆုံးနဲ့ အထူးခြား ဆုံးကုန်စည်ပြပွဲကြီးဖွင့်လှစ်ပွဲကို ဖေဖော်ဝါရီလ၂၅ ရက်နေ့ နံနက်ပိုင်းကကျင်းပ ပြုလုပ်ရာတိုင်းဒေသကြီးစီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးလှခိုင်၊ မြန်မာအနော်ရထာ စီးပွားရေး လုပ်ငန်းစု ဥက္ကဌ  ဒေါ်ခင်နှင်းဆီ၊   Father Land   ကုမ္ပဏီဒါရိုက်တာ ဦးသက်လွင်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။      ဖွင့်ပွဲအခမ်းအနားအပြီးမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင် ဥက္ကဌနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များဟာ အထူးဈေးရောင်း ပွဲတော် အရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။  Father Land    ကုမ္ပဏီမှ အိမ်ဆောက်ပစ္စည်းနဲ့ အိမ်အလှဆင်ပစ္စည်းမျိုးစုံ၊ ပညာရေး၊ ဝန်ဆောင်မှုကုမ္ပဏီ၊ ခေတ်ပေါ်လျှပ်စစ်ပစ္စည်းမျိုးစုံ၊ ဒစ်ဂျစ်တယ်ကတ္တားမျိုးစုံ၊ စားသောက်ကုန်များ လူသုံးကုန်များ၊ အလှကုန်ပစ္စည်းများ၊ အဝတ်အထည်အရောင်းဆိုင်နဲ့ အခြား အမယ်စုံ ဆိုင်ခန်းပေါင်း ၁၀၀ ခန့်နဲ့ ရောင်းချပေးလျက်ရှိကြောင်းသိရပါ တယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ အထူးဈေးရောင်းပွဲတော်ကို ၄ ရက်ကျင်းပမှာဖြစ်ကာ၊ ညပိုင်းအချိန်များမှာ ရန်ကုန်မြို့မှ မော်ဒယ်လ်အဖွဲ့များ၊ အမေများအဖွဲ့၊ Dancer  အဖွဲ့၊ Five Star  လူရွှင်တော်အဖွဲ့နဲ့ ဖျော်ဖြေပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။မင်းမင်းဦး