Main menu

Background

ပဲခူးတိုင်းဒေသကြီးအနောက်တွင် သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်

Mon, 03/05/2012 - 05:24 -- Anonymous (not verified)

    ပဲခူးတိုင်းဒေသကြီးအနောက်မှာ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်း ရွက် စိုက်ပျိုး ထုတ်လုပ်သူများအသင်း အဖွဲ့ ဖွဲ့စည်းရေးကိစ္စများ ဆောင်ရွက် လျက်ရှိရာ ခရိုင်နဲ့မြို့နယ်များမှ TPIS   တာဝန်ခံများဟာ ကျေးရွာ အုပ်စုများ အရောက် ကွင်းဆင်းပြီး၊ စိုက်ပျိုးထုတ် လုပ်သူ တောင်သူများနဲ့ တွေ့ဆုံဆွေး နွေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာ မင်းလှမြို့နယ်၊ စိန်ပုကျေးရွာမှာ ဂေါ်ဖီ စိုက်ပျိုးသူ တောင်သူများ၊ ဆင်တဲကုန်း ကျေးရွာရှိ ဖရဲစိုက်  တောင်သူများနဲ့ လည်းကောင်း၊ ၂၃ရက်မှာ နတ်တလင်း မြို့နယ်၊ မြို့ခြံအုပ်စုနဲ့သဲကုန်းမြို့နယ်ရှိ ပုတီးကုန်းအုပ်စုမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများနဲ့ လည်းကောင်း၊ ၂၄ ရက်မှာ ရွှေတောင် မြို့နယ် ဝါးလည်ရွာရှိ ဖရဲစိုက်တောင်သူ များ၊ တောင်လုံးညိုရှိ ပန်းစိုက်ပျိုးသူ များနဲ့တွေ့ဆုံကာ အစုအဖွဲ့များ ဖွဲ့စည်း ရေး ဆောင်ရွက်ခဲ့ပါတယ်။ အသင်း အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းအား ဖြင့် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်    စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိမိနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ကာထုတ်လုပ်သူ တောင် သူများ အကျိုးဖြစ်ထွန်းမှုများ ရှိလာမယ့် အပြင် ကုန်စည် စီးဆင်းမှု မှန်ကန် မြန် ဆန်ရေးနဲ့ ပြည်ပပို့ကုန်အမယ်သစ် များထွက်ရှိရေးကို အထောက်အကူပြု နိုင် မှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။အိဆွေဇင်