မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာ ဆန်တန် ၁၇၉၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဆန်တင်ပို့မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၁၃၇၃၂ တန်၊ ငစိန် ၂၉၄၉ တန်၊ ချင်းရွှေဟော်မှ ဧည့်မထ ၁၁၀၅ တန်၊ ငစိန် ၁၁၉ တန် အသီးသီး ဖြစ်ပါတယ်။ယခုအပတ်မူဆယ်မှဧည့်မထ ၁၀ မှတ် ၂၄၆၅ တန်ကျော်၊ ၁၅ မှတ် ၇၀၇၀ တန်ကျော်၊ ၂၅ မှတ် ၄၁၉၅ တန်ကျော်၊ငစိန် ၁၀ မှတ် ၁၅၇၉ တန်ခန့်နှင့် ၂၅ မှတ် ၁၃၇၀ တန်ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ကန်ဒေါ်လာ ၇ ဒသမ ၄၉၇ သန်း တန်ဖိုးရှိ ဆန် ၁၇၉၀၅ ဒသမ ၀၅ တန် တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၂၅၄၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တစ်ဖက်နိုင်ငံမှာဆန်ကို ထမင်းချက်စားရန်မဟုတ်ဘဲ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဇံ ထုတ် လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုရန် ဝယ်ယူခြင်းဖြစ်တယ်လို့ သိရပါတယ်။ မိမိတို့ဖက်မှ တင်ပို့သလောက် ဆန် ဝယ်လို အား ရှိနေတဲ့အတွက် ယခုအပတ်မှာ တစ်ရက်ကို ဆန်ကားပျမ်းမျှ အစီး ၁၀၀ ခန့် အတက်ရှိနေပြီး ဖေဖေါ်ဝါရီလ ၂၈ ရက် တစ်ရက်တည်းမှာ ဆန်ကား ၁၇၈ စီး၊ တန်ချိန် ၂၅၄၀ ကျော် အပို့ရှိခဲ့တယ်လို့ မူဆယ်လယ်ယာထွက်ကုန် ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါတယ်။ ဆန်ဝယ်လက်အားကောင်းနေတဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်း၊ နှမ်း၊ ရော်ဘာ ကုန်တက် သိသိ သာသာ လျော့ကျလျက်ရှိတယ်လို့လည်း သိရပါတယ်။ MIRT (DOBT)
Background