ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၈၇ သန်းတန်ဖိုးရှိ ဖရဲသီး ၈၁၃၂ တန်၊ သခွားမွှေး ၂၅၆၆ တန်ကျော်၊ ဆီးသီး ၈၉ တန်ခွဲနဲ့ စပျစ်သီး ၁၃ တန်ခွဲ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ဖရဲသီး ၁၀၂၀ တန်နဲ့ သခွားမွှေး တန် ၁၄၀၀ ကျော် တင်ပို့မှုပိုမိုခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော်မှလည်း ပြည်ပ ပို့ကုန်တိုးမြှင့်ရေးကို အားပေးတဲ့အနေနဲ့ သစ်သီးဝလံ အမျိုးမျိုးအပါအဝင် ဥယျာဉ်ခြံထွက်သီးနှံနဲ့ ပစ္စည်းများရဲ့ ပြည်ပပို့ကုန်ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံမယ့် ကုန် သွယ်လုပ်ငန်းခွန်ကို မတ် ၁ ရက်မှ သြဂုတ် ၁၄ ရက်ကာလ အထိ ကင်းလွတ်ခွင့်ကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီ ဌာနမှ ဖေဖော်ဝါရီလ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ ၆၈/၂၀၁၂ နဲ့ ထုတ်ပြန်ထားပြီးဖြစ်တာကလဲ သစ်သီးဝလံတင်ပို့မှုကို အား ပေးရာ ရောက်စေခဲ့ပါတယ်။MIRT(DOBT)
Background