Main menu

Background

မူဆယ်နယ်စပ်မှ ပရဆေးကုန်ကြမ်းအပို့ ပိုနေဆဲ

Mon, 03/05/2012 - 05:28 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၈ သန်းတန်ဖိုးရှိ  ပရဆေး ကုန်ကြမ်း ၁၂၃၅ တန်ကျော်ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မူဆယ်မှ တင်ပို့သော ပရဆေးကုန်ကြမ်းများမှာ ဆီးဆန်၊ မန်ကျည်းမှည့် (အစေ့ပါ)၄၈၄ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၁၉၃ တန်၊ ကွမ်းစားဂမုန်း ၅၉ တန်၊ ဝဥခြောက် ၁၅၂ တန်ကျော်၊ ကြောင်လျှာစေ့ ၂၄ တန်ခန့်၊ နေလဲစေ့ ၁၃၇ တန်ကျော်၊ ကွမ်းသီးခွံ ၂၈ တန်ခန့်၊ ခပေါင်းစေ့ ၁၂ တန်ခန့်နဲ့ ဒရင်ကောက်မြစ် ၅၃ တန် အသီးသီးဖြစ်ပါတယ်။ နေလဲစေ့နဲ့ ကွမ်းသီးခွွံမှလွဲ၍ ကျန် ပရဆေးကုန်ကြမ်းများ အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့တဲ့ ပရဆေးကုန်ကြမ်းပမာဏမှာ ၃၅၈ တန် ခန့်ရှိပါ တယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ ဆူးပန်း သုညဒသမ ၉၇ တန်နဲ့ တောင်လုံးကျော် သုည ဒသမ ၅၀ တန်အသွင်းရှိခဲ့ပါတယ်။MIRT(DOBT)