မန္တလေးဈေးကွက်မှ မူဆယ်ဈေး ကွက်ကို ပြောင်းဖူးစေ့တင်ပို့မှုနည်းလာ ခဲ့ကြောင်း တွေ့ရပါတယ်။ သီးနှံသစ် စထွက်ချိန် ၂၀၁၁ သြဂုတ်လမှာ မူဆယ် ကို ပြောင်းဖူးစေ့ တန် ၂၁၈၀၀ ခန့်၊ စက်တင်ဘာမှာ တန်ချိန် ၁၅၀၀၀ ခန့်၊ အောက်တိုဘာလမှာ တန် ၁၁၀၀၀တင် ပို့နိုင်ခဲ့ပြီး၊ တင်ပို့မှုအရှိန် တဖြည်းဖြည်း လျော့လာခဲ့တာဟာ အခုနှစ် ဇန်နဝါရီ လမှာ ၁၂ တန်သာ တင်ပို့နိုင်ခဲ့ပြီး၊ ဖေဖော်ဝါရီလ တတိယပတ်ထိ ၅၃တန် ပဲ တင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ တင် ပို့မှုလျော့လာခဲ့ခြင်းရဲ့ အကြောင်းတွေ မှာ တရုတ်လက်က အဝယ်နည်းလာ ခြင်းအပြင် သယ်ယူခနဲ့ စက်သုံးဆီဈေး တွေမြင့်တက်လာတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။ စက်သုံးဆီကို အရင်က မြစ် ကြောင်းလမ်းမှ သင်္ဘောနဲ့ သယ်ယူနေ ရာမှ မြစ်ကြောင်းတစ်လျှောက် သောင် ထွန်းမှုကြောင့် သယ်ယူရန် အခက်အခဲ ရှိလို့ ကားလမ်းမှသယ်ယူရခြင်းကြောင့် သယ်ယူစရိတ် မြင့်တက်ပြီး၊ စက်သုံးဆီ ဈေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ဒါ့အပြင် မူဆယ်လမ်းကြောင်းကို ဆန်နဲ့ ဖရဲသခွားသာ အတင်များနေပြီး အတက်ကုန်များပေမယ့် အဆင်းကုန်ဟာ မရှိသလောက်ဖြစ်နေတာမို့ တစ်ကြောင်း၊ ဒီဇယ်ဈေးကလည်းတက်လာတာ တစ်ကြောင်းကြောင့် သယ်ယူခနှုန်းများ မြင့် လာခြင်းဖြစ်ကြောင်း၊ ယာဉ်ပိုင်ရှင်များဘက်ကသိရပါတယ်။ လတ်တလော မန္တလေး ကုန်စည်ဒိုင်မှာပြောင်း ဖူးစေ့ ၃ တင်း တစ်အိတ် ၁၇၅၀၀ကျပ်- ၁၈၅၀၀ကျပ် ဝန်းကျင်နဲ့ ဒေသတွင်း အစာစပ်သမားများသာ အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါတယ်။ သက်သက်နိုင်
Background