Main menu

Background

ရော်ဘာအပို့ လေးပုံသုံးပုံကျဆင်း

Mon, 03/05/2012 - 06:27 -- Anonymous (not verified)

    ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၆၉၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၃၇၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်ကို တန် ၁၆၀၊ စင်ကာပူကို ၂၄၂ တန်နဲ့ မလေးရှားကို ၂၉၂ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂၂၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုလေးပုံသုံးပုံခန့် ကျဆင်းခဲ့တာ တွေ့ရပါတယ်။ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်ကတော့ ၈၉၃ တန် တင်ပို့နေတာ တွေ့ရပါတယ်။FOB (ရန်ကုန်)ဈေးနှုန်းကတော့ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့  RSS-5  တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာကြား ဈေးပေါက်နေတယ်လို့ သိရပါတယ်။                                                     K.Z.W