Main menu

Background

နယ်စပ်မှ ယခင်အပတ်ထက် ရော်ဘာ တန် ၁၁၀ ကျော်အပို့ ပို

Mon, 03/05/2012 - 06:30 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဘက်နိုင်ငံသို့ ရော်ဘာတင်ပို့လျက် ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာတော့ မူဆယ်မှ MSR-20  တန် ၁၄၀ ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်ရော်ဘာ အဆင့်စုံ တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ RSS-3 ၅၃၈ တန်၊MSR-20  တန် ၁၄၀ ခန့်၊ MSR-50  ၆၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၄၈ သန်းဖိုးနဲ့ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ RSS-3 ၄၀၄ တန်ကျော် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ မြိတ်နယ်စပ်မှလည်းကန်ဒေါ်လာ သုညဒသမ ၅၂၀ သန်းတန်ဖိုးရှိ ရော်ဘာ တန် ၁၅၀ အပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ မြေပြင် ဈေး ယခင်အပတ်ကထက်ဈေးပိုမိုသော်လည်း RSS-5 တစ်ဘက်နိုင်ငံမြေပြင်ဈေးမှာမူ ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                     ယခု           ယခင်    ပြောင်းလဲမှု    %    ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၇၅၅၂၀၀    ၂၅၉၆၈၀၀    ၁၅၈၄၀၀     ၆    ၃၆၅၁    ၃၅၇၁        ၈၀         ၂RSS - 5    ၂၆၈၈၀၀၀    ၂၄၇၉၅၃၂    ၂၀၈၄၆၈     ၈    ၃၄၉၂    ၃၄၉၂          -            - MIRT (DOBT)