Main menu

Background

၂၀၁၅ တွင် ကမ္ဘာ့တာယာဝယ်လိုအား ၃၃၀၀ သန်းသို့ ရောက်ရှိနိုင်

Mon, 03/05/2012 - 06:32 -- Anonymous (not verified)

၂၀၁၅ မှာ ကမ္ဘာ့တာယာဝယ်လိုအား ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး ၃ ဒသမ ၃ ဘီလီယံကို ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ တာယာဈေးကွက်တွေမှာ  တန်ဖိုးအားဖြင့် နှစ်စဉ် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဝင်ငွေဒေါ်လာ ၂၂၀ ဘီလီယံခန့်ပိုမိုရရှိနိုင်ကြောင်း သိရပါတယ်။ ၂၀၁၅ မှာ အကြီးဆုံး မော်တာ်ကားတာယာဈေးကွက်တွေ အရှိန်အဟုန်နဲ့ တိုး တက်လာတာကို တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။ စက်ဘီး၊ မော်တော်ဆိုင်ကယ်နဲ့ အခြားယာဉ်များရဲ့ တာယာလုပ်ငန်းများ လည်း ပိုမိုအားကောင်းလာနိုင်ကြောင်း သိရပါတယ်။ အကြီးဆုံးတရုတ်တာယာဈေးကွက်က ၂၀၁၅ ခုနှစ်မှာ စံချိန်တင်လောက် အောင် ရောင်းအားအကောင်းဆုံး ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်ရဲ့အဓိက တာယာဝယ်လိုအားထဲမှာ စက်ဘီးနဲ့ မော်တော်ဆိုင်ကယ်တာယာတွေပါဝင်ပြီး မော်တော်ကားတာယာကတော့ အမေရိကန်ပြီးရင် ဒုတိယအရောင်းရဆုံး တာယာဈေးကွက်ဖြစ်ကြောင်းသိရပါတယ်။ မြောက်အမေရိကနဲ့ အနောက်ဥရောပတာယာဈေးကွက်တွေက လည်း ဆက်လက် အားကောင်းနိုင်ဖွယ်ရှိပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကာလအတွင်းမှာတော့ ဒီဈေးကွက်တွေမှာ အရောင်းစံချိန်တင်အောင် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၀ မှာရှိခဲ့တဲ့ တာယာဝယ်လိုအားရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ၂၀၁၅ တာယာဈေးကွက်မှာ အကြီးဆုံး အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ကမ္ဘာ့တစ်ဝန်းမှာ ဝင်ငွေတိုးလာပြီး ကမ္ဘာ့လူဦးရေက ကိုယ်ပိုင်ယာဉ်တွေပိုင်ဆိုင်မှု မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းချက်များရှိကြောင်း သတင်းရရှိပါတယ်။Source: European Rubber Journal, K.Z.W