မန္တလေးမြို့သစ်မြေဈေးကွက်များ အရောင်းအဝယ်အေးနေသည်မှာ ကြာမြင့်ပြီဖြစ်လို့ မြေ အကျိုးဆောင်များ အလုပ်ပါးနေကြောင်း သိရပါတယ်။ "မြေကွက်အရောင်းအဝယ်အေးနေတော့ အောက်ဈေးနဲ့ ဈေးချပြီးရောင်းရင် ဝယ်မယ့် သူရှိပါတယ်။ မြေတစ်ကွက် ကျပ်သိန်း ၅၀၀ ပေါက်ရင် ကျပ်သိန်း ၄၀၀ အောက်ဆို ဝယ်မယ့်သူရှိ တယ်။ ဈေးနှိမ်ဝယ်တော့ ရောင်းမယ့်သူလည်းမရှိဘူး။ မြေဈေးက အမှန်တကယ်တော့ အရောင်း အဝယ်မရှိဘူး။ ဝယ်မဲ့သူလက်ထဲသာ တအိအိနဲ့ကျနေတယ်။ ကာလပေါက်ဈေး သိန်း ၁၀၀၀ တန် အကွက်ဆိုရင် ကျပ်သိန်း ၇၀၀ ဝယ်မယ့်သူတော့ရှိတယ်။ မနှစ်ကအလုပ်ဖြစ်ခဲ့တဲ့ကာလမှာ ရထား တဲ့ငွေနဲ့ မြေအကျိုးဆောင်တွေထိုင်စားနေရတယ်"လို့ မြေအကျိုးဆောင် ဦးမြတ်ကျော်က ပြော ပါတယ်။ ၂၀၁၁ ခုနှစ်က မြေအရောင်းအဝယ်သွက်ပြီး မြေဈေးနှုန်းအဆမတန်မြင့်တက်ခဲ့ပါတယ်။ မြေအရောင်းအဝယ်သွက်ခြင်းကြောင့် မြေအကျိုးဆောင်များသာမက မြို့သစ်မြေကွက်များမှာ နေထိုင်သူအချို့ပါ အရောင်းအဝယ်ဖြစ်ပြီး အကျိုးဆောင်ခများရရှိခဲ့ကြောင်း သိရပါတယ်။ ယခုအခါ မြေဈေးမှာ အမြင့်ဈေးတွင်ရှိနေခြင်း၊ ရွှေဈေးနှုန်းမှာ တက်ဈေးဖြစ်နေခြင်းကြောင့် ကုန်သည်၊ ပွဲစားမှန် သမျှမှာ ရွှေဘက်လှည့်နေလို့ မြေဈေးကွက်မှာ ငြိမ်သက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ ဇူးဇူး
Background