Main menu

Background

ရန်ကုန်မှာ ယာဉ်သစ်များ ဈေးအနည်းငယ် အေးလာပြီး အောက်ကားများ ရောင်းအားရှိနေ

Mon, 03/05/2012 - 06:43 -- Anonymous (not verified)

    ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ဖေဖော်ဝါရီလကုန်ပိုင်းခန့်တွင် ယာဉ် အို^ဟောင်း လဲလှယ်ရေးစီမံချက်ဝင်  တင်သွင်းကားများ  ဈေးအနည်းငယ် ကျကာ ဈေးကွက်အေးနေပြီး ယခင်ရှိ ရင်း ကားများနှင့် ယာဉ်အို/ဟောင်း အချို့  အရောင်းအဝယ်ရှိနေကြောင်း  သိရသည်။ယာဉ်အို/ဟောင်း  ကားများမှာ လက်ရှိအပ်နှံနေသည့် 'ဒ'အက္ခရာမှာ ၁၃၅ သိန်းခန့်ပေါက်ဈေးရှိပြီး'န' နှင့် 'ပ' အက္ခရာများမှာလည်း  ကားကောင်း လျှင် ၁၃၅ သိန်းခေါ် ရောင်းကြောင်း  သိရသည်။ ကားအပ်နှံပြီး စလစ်ဈေး ကွက်မှာလည်း ၁၃၅ သိန်းမှ ၁၄၀ သိန်း ဝန်းကျင်ရှိနေကြောင်း၊ ယခုဈေးထက် ထပ်မလျော့သေးဘဲ အနည်းငယ် မာ နေကြောင်းပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ၁၄၅ သိန်း၁၄၀ သိန်းဖြစ်ခဲ့သည့်စလစ် ပေါက်ဈေးအခြေအနေနှင့်  စာလျှင် အနည်းငယ်ကျလာသည်ဟု    ပြောရ သည်ဖြစ်ကြောင်း၊  စလစ်များ  ဈေးပြန် မကျရခြင်းမှာ ဝယ်ယူမှုမြင့်တက်လာပြီး ကားအရောင်းပြခန်းများ များပြားစွာ ဖွင့်လှစ်လာမှုလည်းတစ်ကြောင်း  ပါ ကြောင်း၊ အချို့မှာလည်း ၂၀၀၂ ခုနှစ် မိုဒယ်(လ်)အထက် မိုဒယ်(လ်) အမြင့် ကားများတင်သွင်းလာလို၍အဝယ်လိုက် ခဲ့သဖြင့် ဈေးတန်းမာနေရခြင်း  ဖြစ် ကြောင်း အပေါ်ဝိုင်း  ဝါရင့်အကျိုး ဆောင် ကိုမြင့်ကျော်မှ ပြောသည်။ယခုအခါ  ကားအရောင်းပြခန်း များအပြင် တစ်ပိုင်တစ်နိုင် သုံးလေးစီး သွင်းလာသူများမှလည်း တစ်သီးပုဂ္ဂလ ရောင်းချမှုများ  ရှိလာသဖြင့် ဝယ်သူ့ အကြိုက်  ဈေးကွက်ဖြစ်ကာ အမှန်စီး နင်းမည့်သူများ  နှစ်သက်ကြကြောင်း  သိရသည်။ ကားအရောင်းပြခန်းမှဝယ် ယူရသည့်ဈေးနှုန်းသည်  ပြင်ပဝိုင်းထဲ မှာဝယ်သည်ထက်စာလျှင်  ဈေးပိုသော် လည်း ကားအသန့်စိတ်ကြိုက်ရွေးချယ် ခွင့်ရှိခြင်း၊ မျက်မြင်ဖြစ်ခြင်း၊ ပွဲခမပေး ရခြင်းတို့ကြောင့် ခေါင်းရှင်းကာ ဝယ် သူ့စိတ်ကြိုက်ဖြစ်သောကြောင့် ပြင်ပ ပေါက်ဈေးထက် ၂၀ သိန်းခန့် ပိုပေး ကာ  ဝယ်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၀၁ ခုနှစ်ထုတ် မတ်(ခ်)တူး (ရွှေငါး) (2.0G) ဝယ်ယူခဲ့သူ   နယ်ဝယ်လက်တစ်ဦးမှ ဆိုသည်။သို့ရာတွင် မူလလက်ဟောင်း ကား ဝိုင်းများထဲတွင်လည်း  သူ့မိတ်နှင့်သူ အသစ်ရောက်ကားများ  ရောင်းချမှု အနည်းငယ်ရှိနေပြီး  ကားစိတ်ကြိုက် မဖြစ်ဘဲ အနည်းငယ်လျော့ပါက ဈေး လျှော့ပေးပြီး  အတွင်းစရိတ်မှာလည်း အသင့်အတင့်ရှိသဖြင့် အရောင်းအဝယ် ဖြစ်ကြကြောင်း။ ဝိုင်းထဲတွင်  လတ် တလော ရောင်းအားကောင်းနေသည် မှာ  ၁၃၀/၁၄၀/၁၅၀ သိန်း ပတ်ချာ လည် လ/သ/အ နှင့် (က) တန်းကား များဖြစ်ပြီး ယာဉ်အို/ဟောင်း ရောင်း ချခဲ့သူများမှာ ကားပြန်ရှာသဖြင့် ဈေး ကွက်ကောင်းနေခြင်းဖြစ်ကြောင်း သိရ သည်။                                                  SN