Main menu

Background

ရက်သတ္တပတ် စီးပွားရေး သတင်းတိုများ

Mon, 03/05/2012 - 06:52 -- Anonymous (not verified)

ပေကျင်း    ပြည်နယ်အဆင့်ရှိဒေသ သုံးခု မှာ  ယခုလကစပြီး   မက်သနော လောင်စာဆီသုံးကားတွေကို စမ်းသပ် အသုံးပြုမယ်လို့ တရုတ်နိုင်ငံစက်မှုနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက် က ပြောပါတယ်။ နှစ်နှစ်  သုံးနှစ် လောက် စမ်းသပ် မောင်းနှင်ပြီးတဲ့ နောက် ဒီဒေသသုံးခုက မက်သနော လောင်စာဆီသုံးကားတွေရဲ့ ဖြစ်နိုင် ခြေအလားအလာကို သုံးသပ်တင်ပြ မှာ ဖြစ်ပါတယ်။Source:xinhuaအေသင်    ဂရိနိုင်ငံရဲ့ ၂၀၁၂ ခုနှစ်ဘတ် ဂျက်မှာ ယူရို ၃ ဒသမ ၂ ဘီလီယံ (ဒေါ်လာ၄ဒသမ ၃ ဘီလီယံ) လျှော့ ချဖို့ ဝန်ကြီး အဖွဲ့က အတည်ပြုပြီး နောက် ဂရိပါလီမန်မှာ မဲခွဲဆုံးဖြတ် ခဲ့ပါတယ်။မဲခွဲဆုံးဖြတ်ရာမှာ ထောက်  ခံမဲ ၂၀၂ မဲနဲ့ ကန့်ကွက်မဲ ၈၀ ရှိခဲ့ တယ်လို့ ပါလီမန်လွှတ်တော်ဥက္ကဌ ဂရီဂိုးရစ်နွိုက်တစ်က မတ် ၁ ရက်က ပြောပါတယ်။Source:economictimes.indiatimes.comဗန်ကောက်    ၂၀၁၁ ခုနှစ်က ရေလွှမ်းမိုး ဒဏ်ခံရပြီးတဲ့နောက်  တချို့လုပ်ငန်း တွေက ထိုင်းနိုင်ငံမှ ထွက်ခွာဖို့ပြင် ဆင်နေကြပေမဲ့ ကုန်ထုတ်လုပ်မှုတိုး တက်လာတဲ့အတွက်ယခုနှစ် ဒုတိယ နှစ်ဝက်မှာ ထိုင်းနိုင်ငံအတွင်း လုပ်ငန်း ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်း တွေရဲ့ ယုံကြည်မှုက ပြန်လည်မြင့် တက်လာတယ်လို့ ဘန်ကောက်မြို့ ဂျပန်ကုန်သည်ကြီးများ  အသင်းရဲ့ စစ်တမ်းအရသိရပါတယ်။ အသင်းက စစ်တမ်းကို ဒီဇင်ဘာ ၁၆ ရက်မှ ဇန်နဝါရီလကုန်အထိ အဖွဲ့ဝင် ၃၆၆ ခုကို ကောက်ယူခဲ့တာဖြစ်ပါတယ်။Source:bangkokpost.comဘာစီလိုနာ(စပိန်)    ဆမ်ဆောင်းအီလက်ထရွန်း နစ် ရဲ့ စမတ်ဖုန်း Galaxy S2  ကို စပိန် နိုင်ငံ ဘာစီလိုနာမှာပြုလုပ်တဲ့Mobile World Congrees  ကုန်စည်ပြပွဲ မှာ အကောင်းဆုံး စမတ်ဖုန်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒီနှစ်အတွက် အကောင်းဆုံး ထုတ်လုပ်သူဆုဖြစ်တဲ့  Device Manufacturer of the Year    ဆုကိုလည်း ပထမဆုံးအကြိမ် အဖြစ်ချီးမြှင့်ခြင်း     ခံခဲ့ရတယ်။ အကောင်းဆုံး စမတ်ဖုန်းဆုကို ရရှိခဲ့ တာက သုံးကြိမ်မြောက်ဖြစ်ပါတယ်။ Source:thejakartapost.com