Main menu

Background

တရုတ်စီးပွားရေး 'အလှည့်အပြောင်း'ကိုရောက်နေ

Mon, 03/05/2012 - 06:56 -- Anonymous (not verified)

      တရုတ်နိုင်ငံက   နှစ်နှစ်ဆယ် အတွင်း စီးပွားရေး တိုးတက်နှုန်းက ခေါက်ချိုးကျဆင်းပြီး စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုမှာ အလှည့်အပြောင်း တစ်ခုကို ရောက်ရှိနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်နဲ့ တရုတ် အစိုးရ သုတေသီတွေက ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။ တရုတ်နိုင်ငံက စီးပွားရေး တိုးတက်မှု ရုတ်တရက်ကျဆင်းမှု မဖြစ်စေဖို့ ကြီး မားတဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပြန်လည်လျှော့ချခြင်းနဲ့ မဟာဗျူဟာ ကျတဲ့ ကဏ္ဍတွေမှာလက်ဝါး ကြီးအုပ်မှု ကို ပယ်ဖျက်ခြင်းစတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ပြုလုပ်ရမှာဖြစ်ကြောင်း အစီ ရင်ခံစာမှာ ဖော်ပြထားပါ တယ်။    နှစ် ၃၀ လောက် နှစ်စဉ်တိုးတက် နှုန်း ပျမ်းမျှ ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီးနောက် တရုတ်နိုင်ငံရဲ့ ပို့ကုန်နဲ့ ရင်း နှီးမြှုပ်နှံမှုအားပြုစီးပွားရေးမိုဒယ်လ်က ဆက်လက်တည်တံ့နိုင်တော့မှာမဟုတ်ဘူး လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက " China : 2030 "  လေ့လာရေးအတွက် ကျင်းပတဲ့ နေ့လယ်စာ စားပွဲမှာ ပြောပါတယ်။    ယခုအစီရင်ခံစာကို    သမ္မတ ဟူကျင်းတောင်းနဲ့  ဝန်ကြီးချုပ်ဝမ်ကျား ပေါင်တို့ကို ဆက်ခံကြမဲ့ ဒုတိယသမ္မတ ရှီကျင်ပင်နဲ့ ဒုတိယဝန်ကြီးချုပ် လီကာ ရှင်း တို့က ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဝန်ကြီးအဖွဲ့ရဲ့  အစီအစဉ်အရ ကမ္ဘာ့ ဘဏ်နဲ့ ဖွံ့ဖြိုးရေးသုတေသနစင်တာ တို့ကပြုစုခဲ့တဲ့ ဒီအစီရင်ခံစာက လက်ရှိ စီးပွားရေးပုံစံမှာ အကျိုးဖြစ်ထွန်းနေတဲ့ သူတွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်တွေ့ ကောင်းတွေ့လိမ့်မယ်လို့ ဇိုးလစ်က ပြောပါတယ်။    လက်ရှိ ၉ ရာခိုင်နှုန်းတိုးတက်နေ တဲ့ စီးပွားရေးက လာမဲ့အနှစ်နှစ်ဆယ် အတွင်းမှာ ၅ ရာခိုင်နှုန်းနဲ့ ၆ ရာခိုင်နှုန်း အထိကျဆင်းနိုင်တဲ့အတွက် ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့လိုတယ်လို့ ဖွံ့ဖြိုး ရေးနဲ့သုတေသနစင်တာရဲ့ ဒုတိယ ဝန်ကြီး လျူရှီကျင်းက ပြောပါတယ်။Source. AFP