Main menu

Background

တောင်ကိုရီးယားစက်ရုပ်လုပ်ငန်းများ ဖွံ့ဖြိုးလာ

Mon, 03/05/2012 - 06:56 -- Anonymous (not verified)

    အစိုးရကဦးဆောင်တဲ့ ရှေ့ပြေးစမ်းသပ်အစီအစဉ်တွေကြောင့် ရင်းနှီးမြှုပ်နှံ မှုနဲ့ ပို့ကုန်လုပ်ငန်းတွေတိုးတက် လာစေတဲ့အတွက် ကိုရီးယားစက်ရုပ်လုပ်ငန်း က အရှိန်ရလာပါတယ်။ ၂၀၁၁ ခုနှစ်က ပြည်တွင်းစက်ရုပ်လုပ်ငန်း ၂၀၀ က ကုန်ထုတ်လုပ်မှုတန်ဖိုး ဝမ် ၂ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၇၇ ဘီလီယံ) ဖိုး ထွက်ရှိခဲ့တယ်လို့ အသိပညာ စီးပွားရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ပမာဏကိန်းဂဏန်းများကို ကိုးကားပြီး ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။ နောက်ဆုံးအတည်ပြုပြီးကိန်းဂဏန်းများကို ဝန်ကြီးဌာနက ဇွန်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။    တိုးတက်နှုန်းက ၂၀၁၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၂ ရာခိုင်နှုန်းရှိပြီး ၂၀၀၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၄၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ စက်ရုပ်များကို ပညာရေးနဲ့ လယ်ယာစိုက်ပျိုးရေးမှာ အစပြုပြီးခွဲစိတ်ကုသမှုနဲ့ ကာကွယ်ရေး တွေမှာပါ စက်ရုပ်တွေကိုအသုံးပြုဖို့ အစိုးရအစီအစဉ်တွေမှာ ထည့်သွင်းခဲ့တဲ့ အတွက် ယခုကဲ့သို့ တိုးတက်ခဲ့တာဖြစ်ပါတယ်။    စက်မှု၊ လူမှုဖူလုံရေး နဲ့ သဘာဝပတ်ဝန်းကျင်အပါအဝင် ဝန်ကြီးဌာန ခုနှစ်ခုက စက်ရုပ်များကိုစီးပွားရေးအတွက် မောင်းနှင်အားဖြစ်လာဖို့ အဲဒီအချိန် ကစပြီး စီမံကိန်းအတွက် ဝမ် ၁၅ ဘီလီယံကို အသုံးပြုခဲ့ပါတယ်။    ရှေ့ပြေးစီမံကိန်း ၁၀ ခုအရ အသေးစားကုန်ထုတ်လုပ်မှု၊ သင်ကြားရေး၊ မီးသတ်၊ အညစ်အကြေးပိုက်များ ပြင်ဆင်ခြင်း၊ မိုင်းများရှင်းလင်းခြင်းနဲ့ အန္တရာယ်ထူပြောတဲ့ ဇုန်တွေကင်းလှည့်ဖို့အတွက် စက်ရုပ်တွေကို အသုံးပြုခဲ့ပါ တယ်။ အစီအစဉ်တွေချမှတ်ဆောင်ရွက်တဲ့အတွက် ဈေးကွက်သစ်တွေရခဲ့တယ် လို့ ဝန်ကြီးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။    ပြည်တွင်းကုမ္ပဏီဖြစ်တဲ့ Curexo  က ၂၀၁၁ ခုနှစ်တုန်းက ကိုရီးယားနဲ့ အိန္ဒိယမှာရှိတဲ့ ဆေးရုံတွေမှာသုံးဖို့ အဆင့်မြင့်စက်ရုပ်တွေရောင်းခဲ့လို့ ဝမ် ၃ ဒသမ ၅၃ ဘီလီယံဖိုးရခဲ့ ပါတယ်။ အီရှင်းဂလိုဘယ်ကုမ္ပဏီကလည်း ဂျာမနီနဲ့ ပြင်သစ်ကုမ္ပဏီတွေနဲ့ ပြတင်းပေါက်တွေ သန့်ရှင်းရေးလုပ်တဲ့ စက်ရုံ ၂၀၀၀ ပေးသွင်းဖို့စာချုပ်ချုပ်ခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ဝမ် ၄ ဒသမ ၄ ဘီလီယံ ရှိပါတယ်။                                      Source. koreaherald.co.kr