Main menu

Background

ဗီယက်နမ်တွင် လုပ်သား အင်အားသုံး စက်မှုလုပ်ငန်းများကို နယ်ဘက်သို့ရွှေ့

Mon, 03/05/2012 - 06:58 -- Anonymous (not verified)

    မြို့ကြီးများတွင်  အခွင့်အလမ်း မရနိုင်တော့တဲ့ ဗီယက်နမ်ရှိ ချည်မျှင်၊ အထည်ချုပ်နဲ့ ဆေးဆိုးလုပ်ငန်းများကို နယ်များဘက်သို့ ပြောင်းရွှေ့ပြီး အသုံး စရိတ်များကို လျှော့ချလျက်ရှိပါတယ်။    စက်မှုဇုန်များ၊ ပို့ကုန်လုပ်ငန်း ဆောင်ရွက်တဲ့ ဇုန်တွေမှာ  လိုင်စင် ချထားမှုကို  တင်းကျပ်သည့်  မူဝါဒ များကို ဟနွိုင်းနဲ့  ဟိုချီမင်းစီးတီးတို့က ကျင့်သုံးလျက်ရှိပြီး လုပ်သား အင်အား အနည်းကိုသာ အသုံးပြုရတဲ့  စီမံကိန်း များကိုသာ အာမခံချက် ပေးထားပါ တယ်။ ဒါကြောင့် လုပ်သားအင်အား ကို အခြေပြုဆောင်ရွက်နေတဲ့ စီးပွား ရေးလုပ်ငန်းတွေအတွက် နယ်ဘက်မှာ လုပ်ငန်းတွေ ထူထောင်တာက မှန်ကန် တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ လုပ်သား ရှားပါးတာနဲ့ အမှာစာတွေကျဆင်းတာ အပါအဝင်အထည်ချုပ်နဲ့ ဖိနပ်ချုပ် လုပ် ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ ကြီးတွေကြောင့်   ဒီလုပ်ငန်းတွေက အသုံးစရိတ်ကို လျှော့ရတဲ့အပြင် နယ် ဘက်တွေမှာ လုပ်ငန်းခွဲတွေ ထူထောင် ရတဲ့ အခြေအနေ  ဆိုက်ရောက်စေခဲ့ ပါတယ်။    စီးပွားရေးလုပ်ငန်းရဲ့ စွမ်းဆောင် ရည်က ၂၀၁၁ ခုနှစ်မှာအရမ်းဆိုးခဲ့ပါ တယ်လို့ ပုဂ္ဂလိက အထည်ချုပ် လုပ် ငန်းရဲ့ ဒုတိယ ဒါရိုက်တာ ငုယင်ဟောင် နန်းက ပြောပါတယ်။ ထိုမျှမက လုပ် သားနဲ့ နေရာ ငှားရမ်းခကိုလည်း ပို စိုက်ပေးရပါတယ်လို့လည်း ပြောပါ တယ်။ ပျမ်းမျှခြင်းအားဖြင့် စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကိုပေး နေရပါတယ်။ တကယ်လို့ ကုမ္ပဏီက လုပ်ခကို မပြောင်းမလဲဘဲ ဆက်ထားရှိ ရင် မြို့ကြီးတွေမှာ လုပ်သားရဖို့ ခဲယဉ်း ပါလိမ့်မယ်   မန်းတင်းအထည်ချုပ် ကုမ္ပဏီရဲ့ကိုယ်စားလှယ်တစ်ဦးက ပြော ပါတယ်။    ယခုအခါ  ဒေါင်ဟန်းရှိ  အမှတ် ၁၀    လမ်းမကြီးဘေးတစ်လျှောက် အထည်ချုပ်  စက်ရုံတွေ  ပေါ်လာပါ တယ်။ ဒီနေရာက ထိုင်းနိုင်ငံနှင့် နီးစပ် ပြီး အလုပ်သမားခေါ်ရတာလွယ်တယ်။ နေရာငှားခကလည်း    ဟနွိုင်းမြို့ရဲ့ သုံးပုံတစ်ပုံပဲရှိတယ်လို့ ပြောပါတယ်။Source. english.vietnamnet.vn