Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Mon, 03/05/2012 - 07:01 -- Anonymous (not verified)

    အမေရိကန်စီးပွားရေးတိုးတက်တဲ့ အတွက် အမေရိကန် ဗဟိုဘဏ်က နောက်ထပ်ငွေကြေးမူဝါဒလျှော့ချမှုအစီ ရင်ခံစာများကို လုပ်တော့မည့်လက္ခဏာ ကိုမတွေ့တဲ့အတွက် ဒေါ်လာဝယ်လို အားမြင့်တက်လာပြီးနောက်ပိုင်း ထိုင်း ဘတ်ငွေကဦးဆောင်ပြီး အာရှငွေကြေး များ တန်ဖိုးကျဆင်းခဲ့ပါတယ်။    ဖေဖော်ဝါရီက တန်ဖိုးအမြင့်ဆုံး တက်ခဲ့တဲ့ ဘတ်ငွေတန်ဖိုးက ပြောင်း ပြန်ဖြစ်ကာ ငါးလအတွင်း ဖြစ်ခဲ့တဲ့ဈေး နှုန်းများအနက် အနိမ့်ဆုံးသို့ ထိုးဆင်းခဲ့ ပါတယ်။ အမေရိကန်အတိုးနှုန်းများကို ၂၀၁၄ ခုနှစ်အထိ နှိမ့်ချထားဦးမယ်လို့ အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘာနန်ကီ ကအတည်ပြုပြောကြားပြီး နောက်ပိုင်း မလေးရှားရင်းဂစ်နဲ့ အင်ဒိုနီးရှား ရူပြား တို့ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။တရုတ်ယွမ်    တရုတ်နိုင်ငံဗဟိုဘဏ်ရဲ့ ရည်ညွှန်း တိုးနှုန်းကို မနေ့ကရှိခဲ့တဲ့ဈေးထက် မတ် ၁ ရက်နေ့မှာ သုည ဒသမ ၁၅ ရာခိုင် နှုန်းလျှော့ချပြီး တစ်ဒေါ်လာကို ၆ ဒသ မ ၃၀၁၆ ယွမ်းနှုန်းထိလျှော့ချသတ်မှတ် ခဲ့ပါတယ်။ ဒါကြောင့်ယွမ်ငွေတန်ဖိုးက ဖေဖော်ဝါရီ ၂၉ ရက်မှာ ၆ ဒသမ ၂၉၁၉ ယွမ်နှုန်းအထိရောက်ရှိခဲ့တဲ့အ တွက် တရုတ်နိုင်ငံက ၂၀၀၅ ခုနှစ်မှာ ငွေလဲလှယ်နှုန်းသတ်မှတ်ရေးယန္တရား ကို စတင်ဖွဲ့စည်းပြီးနောက်ပိုင်း  အမြင့် ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။အိန္ဒိယရူပီး    ရူပီးတန်ဖိုးကျဆင်းနေတာနဲ့ ပြည် တွင်းရေနံချက်စက်ရုံများမှ ဒေါ်လာအ ဝယ်လိုက်လာမယ်လို့ ခန့်မှန်းချက်တွေ ကြောင့် အိန္ဒိယရူပီးတန်ဖိုးက မတ်လ ၁ ရက်နေ့ဈေးအဖွင့်မှာတန်ဖိုးကျဆင်း ခဲ့ပါတယ်။ မတ် ၁ ရက် မနက် ၉ နာရီ (ဂရင်းနစ်စံတော်ချိန် မနက် ၃ နာရီခွဲ) မှာရူပီးငွေတန်ဖိုးက တစ်ဒေါ်လာကို ၄၉ ဒသမ ၀၇ ရူပီးနှုန်းရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၉ ရက်ကရှိခဲ့တဲ့ တစ်ဒေါ်လာ ၄၉ ဒသမ ၀၀၅၀ ရူပီး နှုန်းအောက်တန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရရှိနိုင်ဖို့ ရည်မှန်းပြီး အစိုးရက ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့ကော်ပိုရေးရှင်းရဲ့ ရှယ်ယာတွေ ကို မတ် ၁ ရက်မှာရောင်းချခဲ့ပါတယ်။ ရူပီးငွေတန်ဖိုးကို အထောက်အကူပေး မယ်လို့ခန့်မှန်းရပါတယ်။ဂျပန်ယန်း    ငွေကြေးမူဝါဒများ လျှော့ချမှုကို နောက်ထပ်ပြုလုပ်မှာ မဟုတ်တော့တဲ့ သဘောမျိုးအမေရိကန်ဗဟိုဘဏ်အ ကြီးအကဲက ပြသခဲ့ပြီးနောက်ပိုင်း တိုကျိုတွင် မတ် ၁ ရက်က တစ် ဒေါ်လာကို ၈၁ ယန်းဝန်းကျင်မှာ ခပ် ပါးပါးသာအတက်အကျရှိနေပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်ညနေ ၅ နာရီက နယူးယောက်တွင် တစ်ဒေါ်လာကို ၈၁ ဒသမ ၀၉ ယန်းနှုန်းနဲ့ တိုကျိုမှာ ၈၀ ဒသမ ၄၈ ယန်းနှုန်းရှိခဲ့ရာမှ မတ် ၁ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၈၁ ဒသမ ၂၀ ယန်းနှုန်းနဲ့ အဝယ်သွက် ခဲ့ပါတယ်။ ယူရို/ယန်းဖလှယ်နှုန်းက ဖေဖော်ဝါရီ ၂၉ ရက်က နယူးယောက် မှာတစ်ယူရိုကို ၁၀၈ ဒသမ ၀၈ ယန်းနဲ့ တိုကျိုမှာ ၁၀၈ ဒသမ ၃၃ ယန်းရှိခဲ့ရာ မှ မတ် ၁ ရက်မှာ တစ်ဒေါ်လာကို ၁၀၇ ဒသမ ၉၄ ယန်းနှုန်းဖြစ်ခဲ့ပါတယ်။မလေးရှားရင်းဂစ်    အမြတ်ဖြင့် ဆက်လက်ထုတ် ရောင်းနေတဲ့အတွက် မတ် ၁ ရက်က ရင်းဂစ်ဈေးက အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ တန်ဖိုးကျခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက ဖေဖော်ဝါရီ ၂၉ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၂ ဒသမ ၉၉၃၀ ရင်းဂစ်ရှိရာမှ မတ် ၁ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာ ကို ၃ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ဈေးတက် တာကိုအခွင့်ကောင်းယူပြီး ရင်းနှီးမြှုပ်နှံ သူတွေက ရင်းဂစ်ငွေပိုရအောင် ဒေါ်လာကို ထုတ်ရောင်းကြတယ်လို့ ဝယ်ရောင်းသမားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားဝမ်    ဖေဖော်ဝါရီ ၂၉ ရက်နောက်ပိုင်း ဥရောပဗဟိုဘဏ်က ဒုတိယကယ်တင် မှုချေးငွေထုတ်မပေးမီ ပင်လယ်ရပ်ခြား ဝယ်လက်များရဲ့ ဝယ်လိုအားမြင့်မား လာတဲ့အတွက် ဆိုးလ်မြို့မှာ ဖေဖော်ဝါ ရီ ၂၉ ရက်က ဒေါ်လာနဲ့ ဖလှယ်ရာမှာ တောင်ကိုရီးယားဝမ်ဈေးနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်မားခဲ့ပါတယ်။    အချိန်တိုအတွင်းမှာ တောင်ကိုရီး ယားဝမ်က အတက်ဘက်အနည်းငယ် ရှိနိုင်မဲ့အခြေအနေရှိတယ်လို့ ကုန်သည် တို့ကခန့်မှန်းပါတယ်။ တောင်ကိုရီးယား ဘဏ္ဍာရေးဈေးကွက်က အမျိုးသား ပိတ်ရက်အဖြစ် မတ် ၁ ရက်မှာပိတ်ပါ တယ်။ထိုင်းဘတ်    ဈေးနှုန်းအတက်အကျကို ခန့်မှန်း ရာမှာ ကုန်သည်တွေသုံးလေ့ရှိတဲ့ စာ ရင်းဇယားကိန်းဂဏန်းတွေမှာ ဒေါ်လာ တန်ဖိုးက ပြန်လည် ဦးမော့လာမဲ့ လက္ခဏာကို ပြသနေတဲ့အတွက် ထိုင်း ဘတ်ငွေတန်ဖိုးက လေးလအတွင်းရှိခဲ့ တဲ့ ဈေးနှုန်းများအနက် အနိမ့်ဆုံးအထိ ကျဆင်းခဲ့ပါတယ်။ အမေရိကန်ဗဟို ဘဏ်ဥက္ကဋ္ဌ ဘာနန်ကီက ကွန်ဂရက် လွှတ်တော်ကို တင်ပြရာမှာ လှည့်ပတ် ငွေကြေးတိုးမြှင့်ပေးမဲ့  မျှော်လင့်ချက် ပျောက်ကွယ်ပြီးနောက် ငါးလကျော် အတွင်းအမြင့်ဆုံးဖြစ်ခဲ့တဲ့အတွက် ငွေ ဈေးကပြန်ကျခဲ့ပါတယ်။    ဘလွမ်းဘတ်ကပြုစုထားတဲ့ စာ ရင်းများအရ ဘန်ကောက်မှာ မတ် ၁ ရက်မနက် ၉ နာရီက ဘတ်ငွေတန်ဖိုး က သုည ဒသမ ၇ ရာခိုင်နှုန်းကျဆင်း ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၄၆ ဘတ်နှုန်းရှိခဲ့ပါတယ်။ လာမည့်သီတင်း ပတ်ကုန်ထိ ဘတ်ငွေတန်ဖိုးသည် ၃၀ ဒသမ ၁၀ ဘတ်နဲ့ ၃၀ ဒသမ ၆၀ ဘတ်နှုန်းအတွင်း အတက်အကျဖြစ်နေ မယ်လို့ ခန့်မှန်းထားပါတယ်။Source:bloomberg.xinhua,mainichi japan,bernama