Main menu

Background

ဘတ်တန်ဖိုးမြင့်တက်နေစဉ် ကုန်ပစ္စည်းတင်သွင်းဖို့ ထိုင်းလုပ်ငန်းများကို အကြံပြု

Mon, 03/05/2012 - 07:01 -- Anonymous (not verified)

    မကြာသေးမီရက်များအတွင်းက ထိုင်းဘတ်တန်ဖိုးလျင် မြန်စွာ တန်ဖိုးမြင့်တက်ခဲ့ကြောင်းနဲ့ ကုမ္ပဏီများက ရရှိ လာတဲ့ အခွင့်အရေးကို အရအမိဆုပ်ကိုင်ကာ ရေလွှမ်းမိုးမှုကာလလွန် ပြန်လည်တည်ဆောက်ရေးအတွက် စက်ယန္တရားနဲ့လိုအပ်တဲ့ ပစ္စည်းများကို ဝယ်ယူထားသင့်ကြောင်း ထိုင်းဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဆူချာဒါကီရာခူးက ပြောပါတယ်။ဂရိ နိုင်ငံတော် ကြွေးမြီပြဿနာအတွက် အဖြေကိုရှင်းလင်းတွေ့ မြင်ရတဲ့အတွက် ဘတ်ငွေအပါအဝင် အာရှဒေသတွင်း ငွေ ကြေးတွေခိုင်မာလာစေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေ အမြောက်အမြား အာရှဒေသထဲကို စီးဝင်လာပါတယ်။    စီးဝင်လာတဲ့ငွေကြေးတွေမှာ မူမမှန်အချက် တစ်စက်မှ ဗဟိုဘဏ် မတွေ့ရသေးဘူးလို့ ဆူချာဒါက ပြောပါတယ်။ကမ္ဘာ့မရေရာမှုတွေကို ကြောက်လန့်တဲ့အတွက် ရင်းနှီးမြှုပ်နှံ သူ တွေက အထူးသဖြင့် ရှယ်ယာတွေနဲ့ ဘွန်း စာချုပ်တွေကို သာ ကာလတိုအတွင်း ရောင်းဝယ်ကြပါတယ်။    သမိုင်းမှာ အကြီးမားဆုံးနိုင်ငံတော် ကြွေးမြီပြန်လည် ညှိနှိုင်းမှုကို ဂရိနိုင်ငံက ပုဂ္ဂလိကမြီရှင်တွေနဲ့ပြုလုပ်ဖို့ သဘော တူခဲ့ပြီး ဂရိနိုင်ငံအတွက် ဒုတိယ ကယ်တင်ငွေရဖို့ လမ်းပွင့် သွားတဲ့အတွက် နိုင်ငံခြားငွေကြေးတွေ ထိုင်းနိုင်ငံ အပါအဝင် အာရှထဲကို စီးဝင်လာခဲ့ပါတယ်။    ဘတ်တွေတန်ဖိုးက ဖေဖေါ်ဝါရီ ၂၇ ရက်ညနေ ၃ နာရီ ၂၅ မိနစ်မှာ တစ်ဒေါ်လာကို ၃၀ ဒသမ ၄၁ ဘတ်နှုန်းရှိခဲ့ပါ တယ်။ ယခုနှစ် နှစ်ဦးပိုင်းကတည်းက ဒေါ်လာနဲ့ ဖလှယ်ရာ မှာ ဘတ်ငွေတန်ဖိုးက ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။    အာရှဒေသရှိ တခြား ငွေကြေးတွေလည်း တန်ဖိုးမြင့် မားနေသလို ထိုင်းငွေကြေးက အလားတူမြင့် တက်နေတယ် လို့ ဆူချာဒါက ပြောပါတယ်။Source. dollar baht.com