Main menu

Background

မူမမှန်ဘဲ စီးဝင်လာတဲ့ ငွေများအတွက် တရုတ်နိုင်ငံ စိတ်ပူ

Mon, 03/05/2012 - 07:07 -- Anonymous (not verified)

    "ပုံမှန်မဟုတ်တဲ့" နယ်စပ်ဖြတ်ကျော်ငွေကြေး စီးဝင်မှုများအတွက် အထူးဦးစား ပေးဆောင်ရွက်ပြီး ဒီလို စီးဝင်တာကို တိုက်ဖျက်ဖို့ စီမံကိန်းချမှတ်ထားကြောင်း တရုတ်နိုင်ငံခြားငွေကြီးကြပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။    တရုတ်နိုင်ငံက ပြည်တွင်းနဲ့ နိုင်ငံခြားငွေနှစ်ခုစလုံးအတွက် ကြီးကြပ်ထိန်းသိမ်း ရေး မူဘောင်ကို ပိုမိုတိုးတက်ကောင်းမွန်အောင်လည်း ဆောင်ရွက်ထားကြောင်း နိုင်ငံတော်နိုင်ငံခြားငွေ စီမံခန့်ခွဲရေးအဖွဲ့ (  SAFE ) က အဖွဲ့ရဲ့ဝက်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။    ငွေကြေးဈေးကစားတာကို  လျှော့ချဖို့နဲ့  တရားမဝင် နယ်ဖြတ်ကျော်ပြီး ငွေကြေးစီးဝင်လာတာကို ဖြိုခွင်းဖို့အတွက် အစိုးရအာဏာပိုင်တွေက စီးပွားရေး၊ တရားဥပဒေနဲ့ တခြားလိုအပ်တဲ့စီမံခန့်ခွဲရေး အစီအမံတွေကို ဆောင်ရွက်သင့်တယ် လို့  SAFE  က ပြောပါတယ်။    တရုတ်နိုင်ငံခြားငွေ ကြီးကြပ်ရေးအဖွဲ့က ၂၀၀၇ ခုနှစ်အတွင်း နိုင်ငံခြားငွေ စည်းကမ်းဖောက်ဖျက်မှုပေါင်း ၁၅၀၀၀ ကို စုံစမ်း ဖော်ထုတ်ခဲ့ပါတယ်။    ၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံထဲကို ငွေပူ   ( Hot Money  )  စီးဝင်မှုက စုစုပေါင်း ဒေါ်လာ ၃၅ ဒသမ ၅ ဘီလီယံရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်မှ ငွေပူ သို့မဟုတ် ဈေးကစားသည့်ငွေ စီးထွက်မှုက ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှိခဲ့ပါတယ်။Source. xinhua